BREAKING NEWS

အာဖရိကဖလား​ဗိုလ်​လုပွဲ ကင်​​မရွန်း ၂ ၁ အီဂျစ်

 မ​နေ့ညကဂါဘွန်​နိုင်​ငံမှာ ကစားခဲ့တဲ့အာဖရိကဖလား​ဗိုလ်​လုပွဲစဉ်​မှာ ကင်​မရွန်းအသင်းက အီဂျစ်​အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်​ရရှိသွားခဲ့ ကာအာဖရိကဖလားသမိုင်းတစ်​​လျှောက် ​ငါးကြိမ်​​မြောက်​ချန်​ပီယံဆုဖလားကို ရရှိသွားခဲ့ပါတယ်​။

အီဂျစ်​အသင်းဟာ အာဆင်​နယ်​ကွင်းလယ်​လူမိုဟာမက်​အယ်​နီ​နေးရဲ့ ဂိုးနဲ့၂၂မိနစ်​မှာ ဦး​ဆောင်​ထားနို်င်​ခဲ့​ပေမယ့်​ နီကိုလပ်​စ်​အန်​ကိုဒူ က ၅၉မိနစ်​မှာကင်​မရွန်းအတွက်​​ ချေပဂိုးသွင်းယူ​ပေးခဲ့ကာ ၈၈မိနစ်​မှာအနိုင်​ဂိုးသွင်းယူခဲ့တဲ့ အဘူဘာကာက​တော့ဒီပွဲရဲ့သူရဲ​ကောင်းဖြစ်​ခဲ့ပါ တယ်​။ ၂၀၁၇ခုနှစ်​အာဖရိဖလားကို ​ဗိုလ်​စွဲခဲ့တဲ့ကင်​မရွန်းအသင်းဟာ ယခုနှစ်​အတွင်းရုရှားနိုင်​ငံမှာ ကျင်းပမယ့်​ ကမ္ဘာ့တိုက်​ကြီးများ ဖလား ပြိုင်​ပွဲအတွက်​​ နေရာတစ်​​နေရာရရှိသွားခဲ့ပြီဖြစ်​သလို အီဂျစ်​အသင်းရဲ့အာဖရိကဖလားမှာ၂၄ပွဲဆက်​ရှုံးပွဲမရှိစံချိန်​ကိုပါ ရိုက်​ချိုးနိုင်​ခဲ့ပါတယ်​။

Ref –  Sport Myanmar




Leave a Reply

Your email address will not be published. Required fields are marked *