⁠နေ⁠ကြာ⁠ရောဂါများ

နေကြာပင်ခြေပုပ်ရောဂါ (Sclerotium rolfsii)

ရောဂါကျရောက်မှု

အစိုဓာတ်များသော စိုက်ခင်းများတွင် အပင်ငယ်စဉ်မှ စတင်ကျရောက်သည်။

ရောဂါလက္ခဏာ

ပင်ခြေတွင် အဖြူရောင်ဝါဂွမ်းကဲ့သို့  မှိုမျှင်စုများနှင့် မုန်ညှင်းစေ့သဏ္ဍာန် လိမ္မော်ရောင်၊ အညိုရောင် အလုံးငယ်များ (စကလိုရှား) ကို တွေ့မြင်ရသည်။ ပြင်းတန်စွာရော်ဂါ ကျရောက်ပါက အပင်မှာ ညှိုးပြီး သေသွားသည်။ ရောဂါဖြစ်မှိုသည် စကလိုရှားအဖြစ်ဖြင့် မြေကြီးထဲတွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သည်။ မှိုသည် မျိုးစေ့ဆောင်အဖြစ် လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ရာသီဥတုအခြေအနေပေးပါက စကလိုရှားမှိုမျှင်များပေါက်လာပြီး ပင်ခြေပိုင်းကို စတင်တိုက်သည်။

ကာကွယ်နှိမ်နင်းနည်း

  • စိုက်ခင်းတွင် အစိုဓာတ်မလွန်ကဲစေရ။
  • ပိုတက်ရှ် မြေသြဇာထည့်ပေးခြင်းသည် ရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေသည်။
  • မျိုးစေ့များကို ဟိုမိုင်း စသည့် မှိုသတ်ဆေးများဖြင့် စီရင်ပြီးမှ စိုက်ပါ။
  • ဘီနိုမိုင်းဆေးကို မြေတွင်းသို့ထည့်ပေးပါ။
  • အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။
  • Azoxystrobin, Carbendazim, Captan

 

ကြာရွက်နက်ပြောက်ရောဂါ (Alternaria helianthi)

ရောဂါကျရောက်မှု

နေကြာစေ့များ နို့ရည်တည်စအချိန်တွင် မိုးမကြာခဏရွာခြင်းနှင့် ပူပြင်းသော ရာသီဥတုသည် ရောဂါကျရောက်မှုကို အားပေးသည်။

ရောဂါပင်ပြလက္ခဏာ

အောက်ခြေအရွက်များတွင် သေးငယ်သော အညိုရောင် စက်ဝိုင်း (သို့မဟုတ်) ဘဲဥပုံကွက်ပြောက်များ စတင်ဖြစ်ပေါ်ပြီး တဖြည်းဖြည်း အရွယ်အစားကြီးပြီး အပေါ်ပိုင်း အရွက်များထိ ပျံ့နှံ့လာသည်။ ကွက်ပြောက်၏ အလယ်တွင် ဖြူမွဲရောင်ရှိ၍ ဗဟိုတူစက်ဝိုင်းရစ်များ   ဖြစ်နေပြီး ဘေးပတ်လည်တွင် အ၀ါရောင်၊ စိမ်းဖျော့ရောင်ဇုံကို တွေ့ရသည်။ ရောဂါရင့်လာပါက ရှည်လျားသောကွက်ပြောက်များကို ရွက်ရိုးတံ၊ ပင်စည်၊ ပွင့်ဖတ်၊ များတွင်တွေ့ရသည်။ ပတ်ဝန်းကျင် အစိုဓာတ်မြင့်မား ပါက ရွက်ပြောက်များ အရွယ်အစားကြီးမားလာပြီး အရွက်များတွန့်လာသည်။ တစ်ခါတစ်ရံ အပွင့်အုံပုပ်ဆွေးလာသည်။

ကာကွယ်နှိမ်နင်းနည်း

  • သီးနှံအလှည့်ကျစိုက်ပါ။
  • ရောဂါရအပင်အကြွင်းအကျန်များကို မြေမြှုပ်ပါ။ မီးရှို့ပါ။
  • အောက်ပါ မှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။
  • Iprodione, Mancozeb, Azoxystrobin, Carbendazim

စိုက်ပျိုးရေးဦးစီးဌာန

 





Leave a Reply

Your email address will not be published. Required fields are marked *