BREAKING NEWS

ကျပ်သိန်း(၁၀၀၀)နီးပါး အကုန်ကျခံထားတဲ့ ⁠မြန်မာ⁠ပြည်သိန်းတန်ရဲ့ ဖက်ရှင်

Myanmar Idol Season 2 ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာပြည်သိန်းတန်ကတော့ ဖက်ရှင်ပိုင်းအတွက် ငွေကျပ် သိန်း ၁၀၀၀နီးပါး အကုန်အကျခံထားရတယ်လို့ သိရပါတယ်။အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်နန္ဒာသန်းက ပြင်ဆင်ပေးထား တာလည်း ဖြစ်ပါတယ်။ Myanmar Idol Season 2 ပြိုင်ပွဲမှာ ပရိသတ်တွေ အသိအထားမိဆုံး ဒိုင်တစ်ယောက်ဖြစ်တဲ့ မြန်မာပြည်သိန်းရဲ့ ဝတ်ထားတဲ့ ပိတ်စတွေကတော့ ဇနီးကိုယ်တိုင်က အမေရိကားကနေပြီး ဝယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဖက်ရှင်းပိုင်းကို မထပ်အောင် ဝတ်စုံ ၃၀ခန့် ပြင်ဆင်ထားပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်တဲ့ပွဲ ခြောက်ပွဲအတွက်ကိုလည်း ပိုမိုထူးခြားတဲ့ ပုံစံများနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်တယ်လို့ စံတော်ချိန် သတင်းစာမှာ မြန်မာပြည် သိန်းတန်ရဲ့ ဇနီးက ဖြေဆိုပေးထားပါတယ်။
မြန်မာပြည်သိန်းတန်းဟာ ဂီတလောကထဲမှာ ဆယ်စုနှစ်များစွာ ရပ်တည်နိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး အမေရိကားက ပြန်လာပြီး နောက်ပိုင်းမှာ ဆန်းသစ်လှတဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေကို အမြင်တစ်မျိုး ပြောင်းလဲစေခဲ့ပါတယ်။ နောက်ပိုင်းဂီတ ဖျော်ဖြေပွဲ တွေမှာ အမိုက်စား ဖက်ရှင်တွေနဲ့ ပေါင်းစပ်ပြီးဖျော်ဖြေလာတာကြောင့် ပရိသတ်တွေရဲ့ သတိထားခြင်းကို ခံနေရဆဲ အဆိုရှင် တစ်ဦး လည်း ဖြစ်ပါတယ်။
Credit – စံတော်ချိန်သတင်းစာ




Leave a Reply

Your email address will not be published. Required fields are marked *