BREAKING NEWS

ဂဏန်းဖမ်းဆီးမှုများအတွက် ကာလတစ်ခုသတ်မှတ်⁠ပေးရန်လိုအပ်ဟုဆို

ဂဏန်းကုန်းကြမ်း သံယံဇာတများရှားပါးလာမှုကြောင့် ဂဏန်းဖမ်းဆီးမှုများအတွက် ကာလတစ်ခုသတ်မှတ် ပေးရန်လိုအပ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

ဂဏန်းကုန်ကြမ်းများ ရေရှည်ရရှိဖို့အတွက် ဖမ်းဆီးမှုကို အချိန်ကာလတစ်ခုသတ်မှတ်ကာ ထိန်းသိမ်း ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး တောင်ပိုင်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးတင့်လွင်က ပြောပါတယ်။

“ ဂဏန်းဖမ်းဆီးတဲ့သူတွေ သတ်မှတ်အရွယ်အစားကိုလိုက်နာသင့်တယ်။ ဂဏန်းကို ၁၀၀ ဂရမ်အောက် ထုတ် ခွင့်မရှိဘူး။ ဒါကြောင့် သတ်မှတ်ထားတဲ့အရွယ်ကိုသုံးမှ သယံဇာတထိန်းသိမ်းရေးမှာ ပါဝင်ဆောင် ရွက်ရမယ်။ ဂဏန်းဖမ်းတဲ့ကာလတစ်ခုကိုသတ်မှတ်ရမယ်။ ပြီးတော့ ဈေးကွက်ကို အပြင်မထွက်ရအောင် ထိန်းသိမ်းရမယ်”

ဂဏန်းကုန်ကြမ်းရှားပါးလာမှုတွေကြောင့် ဂဏန်းမွေးမြူသူများအနေနဲ့ ကုန်ထုတ်လုပ်မှု အခက်အခဲရှိ နေကြောင်း နေကြာပန်း ဂဏန်း   ပျော့မွေးမြူရေးဇုန်မှ မန်နေဂျာ ဦးမျိုးလင်းကပြောပါတယ်။

“ ကုန်ကြမ်းရှားပါးမှု ပြသာနာက တစ်နှစ်မှာ ၄ လ လောက်ကုန်ကြမ်းရှားပါးမှုအခက်အခဲ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အခက်အခဲ   တွေရှိသလို ၊ ဂဏန်းပျော့လုပ်တဲ့လုပ်သားတွေလည်းအခက်အခဲရှိပါတယ်။ ဒီလုပ်ငန်းက ပြည်ပ၀ယ်လိုအားပေါ်မှာဘဲမှီခိုပြီး လုပ်နေရ တာပါ။ ပြည်တွင်းစားသုံးမှုရှိလာမယ်ဆိုရင် ဂဏန်းပိုပြီးမွေးရပါလိမ့်မယ်။ ပြည်ပအားကိုးမှုတစ်ခုဘဲလုပ်နေရတဲ့ အတွက် ကုန်ထုတ်လုပ်မှုကို အကန့်အသတ်နဲ့လုပ်ရတယ်။”

ဂဏန်းကုန်ကြမ်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့မှရရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ဂဏန်းပျော့မွေးမြူရေးဇုန်များအကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

အေးအေးကျော် (Pissaya Info)

 

 





Leave a Reply

Your email address will not be published. Required fields are marked *