BREAKING NEWS

မန္တလေးတိုင်းဒေသကြီးမှ တောင်သူများနွေစပါးစိုက်ပျိုးရေးဆည်ရေမရသည့်အတွက် စိုက်ပျိုးနိုင်ရန် အခက်အခဲရှိလာ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နှင့်ကျေးရွာများမှ တောင်သူများအနေဖြင့် ရာသီဥတုပိုမို ပူပြင်းလာသည့်အတွက် နွေစပါးစိုက်ပျိုးရန် ဆည်ရေမရရှိသည့်အတွက် စိုက်ပျိုးနိုင်ရန်အခက်အခဲရှိ လာမည်ကိုဒေသခံများက စိုးရိမ်နေကြောင်းသိရသည်။

“ ကျွန်တော်တို့ရဲ့နယ်တွေမှာတော့ ဒီနှစ်နွေစပါးစိုက်ပျိုးဖို့ ဆည်ရေကလုံးဝမရဘူး။ သီးနှံစိုက်ပျိုးဖို့ အတွက်တော့  ရေကပေးတယ်။   နောက်ပြီး နှမ်းစိုက်ပျိုးဖို့အတွက်လည်း ရေကပေးတယ်။ တောင်သူတွေ ကနွေစပါးကို အဓိကထားရတယ်။ အခုလိုဆည်ရေမရရှိ   တော့တဲ့ စပါးကိုအရောင်းရဲဘူး။ အိမ်မှာဘဲ စားဖို့အတွက်လှောင်ထားတယ်။စပါးစိုက်ပျိုးဖို့ ဆည်ရေအတွက်  ရေမပေးနိုင်ဘူးဆိုတာ  ကိုလည်း ကျောက်ဆည်ခရိုင်ဆည်မြောင်းဌာနက အသံချဲ့စက်တွေနဲ့ကြေညာထားတယ်” ဟု စဥ့်ကိုင်မြို့နယ်၊ ကသဲကုန်းကျေးရွာနေ ဦးထွန်းဝေကပြောသည်။

ဆည်ရေရှိမှုအခြေအနေ၊နွေရာသီတွင် ရေရရှိနိုင်မည့်အခြေအနေနှင့် လက်ရှိအနေအထားများအား ဆည်မြောင်းဌာနတို့   မေးမြန်းသော်လည်း သတင်းများအား အကြာမီထုတ်ပြန်ပေးသွားမည်ဟု ဖြေကြားခဲ့သည်။ လက်ရှိဈေးကွက်တွင် မနော်သုခစပါး တစ်တင်းကို ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ထိ ပေးရပြီးမဂျမ်းတောအနွယ်ဝင် စပါးတစ်တင်းကို ငွေကျပ် ၉,၅၀၀ပေးနေရပြီး   နွေစပါးစိုက်ပျိုးရေး အတွက်ဆည်ရေများမရရှိပါက လာမည့်နှစ်တွင် ဆန်ဈေးမြင့်တက်လာနိုင်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

“ ကျွန်တော်တို့လည်း ဒီနှစ်မှာ နွေစပါးစိုက်ပျိုးမှုအတွက် ဆည်ရေမရဘူးဆိုတာသိတယ်။ဒီလိုနွေစပါး စိုက်ပျိုးမှုလျော့နည်းသွားရင်   အောက်ပိုင်းရန်ကုန်ကနေ ပို့တဲ့ဆန်ကိုစားနေရတယ်။ ဒီနှစ်နွေစပါး မစိုက်ပျိုးရဘူးဆိုရင် နောင်နှစ်အတွက် ဆန်ဈေးကကြီးလာနိုင် တယ်။ အဲဒီအတွက် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွေကနေ ဆန်တွေပိုဖို့စီစဉ်နေကြပြီ။ ဒီနှစ်ကလည်း ရာသီဥတု ကပြင်းထန်မယ်ဆိုတော့ အစိုးရရဲ့ အကူအညီနဲ့ နိုင်ငံတကာရဲ့အကူအညီတွေလိုတယ်။ ရေနည်းနည်း နဲ့စပါးစိုက်ပျိုးလို့ရမယ့် နည်းပညာတွေများကြီးလိုအပ်တယ်” ဟုမန္တလေးတိုင်းဒေသကြီးဆန်ကုန်သည် များအသင်း ဥက္ကဌ ဦးသိန်းဇော်ကပြောသည်။

လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း တရုတ်ငွေဈေးကျဆင်းနေသဖြင့် ဆန်အရောင်းအ၀ယ်ကလည်း မကောင်းသည့်အပြင်  ပြည်တွင်းဆန်    ဈေးကွက်တွင်လည်း တစ်တင်းခွဲတစ်အိတ်လျှင် ငွေကျပ်လေးရာ မှငါးရာအထိဈေးမြင့်နေသည့်အတွက် တရုတ်ဝယ်လက်များကလည်း အ၀ယ်ရပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးဆန်ကုန်သည်များ အသင်းမှ သိရသည်။

Source by – The Farmer




Leave a Reply

Your email address will not be published. Required fields are marked *