BREAKING NEWS

စိုက်သူ၊ ရောင်းသူ မကိုက်၍ ဝယ်သူကြိုက်သောဈေးကွက်

ဈေးကွက်တစ်ခုတွင် ဝယ်လိုအားနှင့်ရောင်းလိုအားရှိကြစမြဲဖြစ်သည်။ ထိုနှစ်ချက်အား ဟန်ချက်မကိုက်လျှင်၊ ဈေးကွက်ပျက်တော့သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် ထွက်ကုန်ဈေးကွက် တွင် ယခုအခါ ဟင်းသီးဟင်းရွက်အချို့၏ “ ကမောက်ကမဈေးကွက်” ကို မကြာခဏတွေ့ကြုံလာရ သည်။သိသာသည်မှာ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဖရဲ၊ သခွားမွှေးတို့၏ဈေးကွက်တွင် ကြုံနကြေရ သည်။ ဈေးကျမှု၊ ဈေးမြင့်တက်မှု၊ ဈေးနှုန်းအပြောင်းအလဲသည် ကွာဟချက်ကြီးမားလွန်းလှသည်။ အများစုဖြစ်နကြေရသည်မှာ စိုက်ပျိုးသူနှင့် ရောင်းဝယ်ဖောက်ကားသူများ မကိုက်ဘဲဖြစ်နေသည်။ မည်သို့သော ဈေးကွက်ပြောင်းလဲမှုဖြစ်ဖြစ်၊ တွက်ရေးမကိုက်သည်မှာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သများများဖြစ်နေသည်။ ဈေးမြင့်မားချိန်တွင် လက်ထဲ၌ သီးနှံမရှိတော့ပေ။ ဈေးကျဆင်းမှု အရှိန်ပြင်းလျှင်၊ လက်ထဲတွင် စုပုံနေတော့သည်။

မကြာမီက အညာတစ်ခွင်ရောက်ခဲ့သည်။ အညာဒေသနှင့်မြေလတ်ဒေသတို့သည် ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပေါများစွာ ထွက်ရှိကြသည်။ ဈေးမှန်သမျှ၊ တောရွာ မြို့ပြမကျန် တောင်ပုံယာပုံ ရောင်းဝယ်ကြသည်။ ပန်းမုန်လာ(ပန်းပွင့်) အရွက်ကြီးများပင် ရောင်းချ နကြေသည့်ဈေးနှုန်းသည် ပြုစုလုပ်ကိုင်ရသောစရိုက်နှင့် မမျှမတရှိနေသည်။ ထည့်ရသည့်မြသြေဇာ၊ ပိုးသတ်ဆေး၊ပေးရသည့်ရေနှင့် လုပ်အားတို့ဖြင့်တွက်လျှင် ရှုံးနပြေီ။သယ်ယူပို့ဆောင်သော ကားခ စရိတ်သည်ပစ္စည်းဖိုးထက် ကြီးနေသည်။ပန်းမုန်လာတစ်ထုပ် တစ်ရာကျပ်ဖြစ်လျှင် မိုင် ၇၀ ခရီးရှိ မြို့ကြီးရှိသို့ပို့ချခ တစ်ထုပ်တစ်ရာငါးဆယ်ဖြစ်နေသည်။ ခရမ်းချဉ်သီးဆိုလျှင် ခူးဆွတ်နေပါက ခူးခ စရိတ်ထပ်မံကုန်ချမည်စိုးသဖြင့် နွားကျွေးနကြေရသည်ဟုသိရသည်။

တောင်ပုံယာပုံ ဟင်းသီးဟင်းရွက်မျိုးစုံကို ကိုယ်တိုင်လည်း ဈေးများတွင်တွေ့ခဲ့ရသည်။ ဈေးနှုန်းချိုသာသဖြင့် ဝယ်ယူသူများက ဝယ်ထားကြသော်လည်း ရေဓာတ်များသည့် ဟင်းသီးဟင်းရွက်သည် ပုပ်ကုန်သီးနှံမျိုးဖြစ်၍ ကြာကြာအထားခံသည်။ သို့သော် ဧပြီ၊ မေလ တူးဖော်ကြပြီး အောက်တိုဘာ၊ နိုဝင်ဘာလအထိ ခြောက်လသာထားနိုင်သည်။ ထားနိုင်သော်လည်း အလေးချိန်သည် ငါးပုံတစ်ပုံ လျော့ကျသွားသေးသည်။

သရက်သည်လည်း ထိုနည်းလည်းကောင်း၊ အသီးပေါ်ချိန်တွင် စိတ်ကြိုက်အဝစားကြရပြီး ရှားချိန်တွင် မြိုသိပ်နကြေရသည်။ ထိုသို့ဖြင့် သံသရာလည်နေခဲ့ရသည်မှာ နှစ်ကာလကြာရှည်ခဲ့ပါပြီ။ တောင်သူလယ်သများစိုက်ပျိုးသူများနှင့် ဥယျာဉ်ခြံလုပ်ငန်းရှင်များသည် ဈေးကွက်ကို ချိန်ဆစိုက်ပျိုး ကြမှုမှာ နည်းပါးပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ကြာရှည်အထားခံသည့် အိမ်တွင်းစက်မှုလုပ်ငန်းများ၊ ဖျော်ရည်၊ ယိုမျိုးစုံ၊ တာရှည်ခံဘေးအန္တရာယ်ကင်းသည့် စားသောက်ကုန် မျိုးစုံကုန်ခြောက်များပြုလုပ်မှုကို ကျွမ်းကျင်ဌာနများမှ စီစဉ်ဆောင်ရွက်ပေးသင့်ပါပြီ။ ထိုင်းနိုင်ငံတွင် ရှောက်မျိုးနွယ်ဝင်သီးနှံများ အသီးအခွံမှအစ စားစရာပြုလုပ်သည်။ ကိုးရီးယားသမ္မတနိုင်ငံတွင် ကြက်သွန်နီ၊ ချင်း(ဂျင်း)၊ ဂေါ်ဖီထုတ်(အဖြူ၊ အညိုရောင်) တို့ကို စက်ဖြင့် အခြောက်ခံရောင်းချသည်။

မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီးသာမက သီးနှံယိုလုပ်ငန်း အဆင့်မြင့်မြင့်လုပ်ကိုင်နိုင်သော မြို့များရှိကြသည်။ ကျိုထို၊ ပြည်၊ ပျဉ်းမနား၊ မော်လမြိုင် ဈေးများတွင် ပုပ်ရိ၍ ပစ်လိုက်ရသော သီးနှံဈေးမကိုက်၍ မခူးဆွတ်ဘဲထားသည့် စိုက်ခင်းတို့ကို ရိတ်သိမ်းချိန်လွန် နည်းပညာဖြင့် နှစ်ဦးနှစ်ဘက် ကိုက်ညီသော ဈေးကွက်ဖြစ်လာမည်ဟု သုံးသပ်ရပါတော့သည်။

ကိုရဲ(စိုက်ပျိုးရေး)

အတွဲ (၁၃) အမှတ်(၁၈၇) ဖေဖော်ဝါရီ ၁၅-၂၁၊ ၂၀၁၆ ခုနှစ်





Leave a Reply

Your email address will not be published. Required fields are marked *