BREAKING NEWS

မြေပဒေသာပန်းခင်းပွဲတော် ၂၀၁၇ ဖွင့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် AGA Agro Co, Ltd. တို့ ပူးပေါင်းကျင်းပတဲ့ ပန်းခင်းပွဲတော် (၂၀၁၇) ဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်အတွင်းမှာ ဒီနေ့မနက်က စတင်ကျင်းပခဲ့ပါတယ်။

ကျင်းပပြုလုပ်တဲ့ ပန်းခင်းပွဲတော်ဟာ နည်းပညာ ဗဟုသုတများ၊ အတွေ့အကြုံများရရှိစေတဲ့အတွက် အကျိုးရှိတဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးလှကျော်ကပြောပါတယ်။
“ မြေပဒေသာဥယျဉ်ဟာ ရှေးယခင်အဆက်ဆက်ဟင်းသီးဟင်းရွက်ပြိုင်ပွဲတွေကို ကျင်းပပြုလုပ်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပန်မျိုစုံလိုအပ်မှုအခြေအနေအရအရည်အသွေးကောင်း မျိုးစေ့အခြေအနေတွေလိုအပ်လာပါတယ်။ ပြည်တွင်းမှာ မျိုးစေ့အခြေအနေမလုံလောက်တဲ့အတွက် ပြည်ပကမျိုးစေ့ကိုတင်သွင်းစိုက်ပျိုးတဲ့အခြေအနေများထွက်ပေါ်လာပါတယ်။ နိုင်ငံတော်ရဲ့ပန်းမန် ထုတ်လုပ်မှုပမာဏကိုကာမိစေဖို့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သူတွေ၊ ပုဂ္ဂလိကအသင်း အဖွဲ့တွေ၊ကုမ္ပဏီတွေကြိုးစားအားထုတ်ဖို့လိုအပ်လာတဲ့အတွ က် ဒီနေ့ပန်းပွဲတော်မှာ နည်းပညာ ဗဟုသုတများ၊ အတွေ့အကြုံများရရှိစေတဲ့အတွက် အကျိုးရှိတဲ့ပွဲတော်ဖြစ်ပါတယ်”
အဲ့ဒီပန်းခင်းပွဲတော်ပြပွဲမှာ ရာသီပန်းအမျိုးအစား(၂၀)မျိုး၊ ဟင်းခတ်အမွှေး အကြိုင်(၇)မျိုး၊ ဟင်းသီး ဟင်းရွက်မျိုးသစ်(၂)မျိုး နှင့် အပင် နှစ်သောင်းကျော်ရှိ အခြားစိတ်ဝင်စားဘွယ်ရာ သီးနှံမျိုးစုံတို့ကို စိုက်ပျိုးပြသထားတာဖြစ်ပါတယ်။

ပြပွဲသို့ လာရောက်လေ့လာတဲ့ အများပြည်သူများအတွက် မိမိတို့ နှစ်သက်ရာ မျိုးစေ့ ပျိုးပင်၊ စိုက်ပျိုးရေးသုံး ဆေးများ မြေသြဇာများ ပံ့ပိုးပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်စေရန် နှင့် လေ့လာနိုင်ရန်အတွက် ပညာပေးအရောင်းဆိုင်ငယ်များ ဖွင့်လှစ်ထားရှိပေးသွားမည်ဖြစ်ပြီး ပြပွဲ ကာလအတွင်း လာရောက်လေ့လာသူများအား အခြေခံစိုက်ပျိုးနည်းပညာများ ဆွေးနွေးပြသပေးခြင်း၊ ပန်းအလှထိုးနည်းနှင့် သစ်သီးပုံဖော်နည်းများ သရုပ်ဖော်ပြသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရပါတယ်





Leave a Reply

Your email address will not be published. Required fields are marked *