BREAKING NEWS

(၃) အသင့္⁠ေတာ္ဆံုး စိုက္ပ်ိဳးနည္းစနစ္

ေရာ္ဘာစိုက္ပ်ိဳးေသာ ႏိုင္ငံအသီးသီးအေနႏွင့္ ေရာ္ဘာစိုက္ပ်ိဳးနည္း စနစ္အမ်ိဳးမ်ိဳးကို အသံုးျပဳၾကပါသည္။ အလားတူ ျမန္မာႏိုင္ငံတြင္ လည္း ေရာ္ဘာစိုက္ပ်ိဳးသူမ်ားအေနႏွင့္ ရရွိႏိုင္ေသာ ေရာ္ဘာပ်ိဳးပင္အမ်ိဳးအစားအရ စိုက္ပ်ိဳးနည္း စနစ္အမ်ိဳးမ်ိဳးကို အသံုးျပဳေနၾကပါသည္။ စိုက္ပ်ိဳးနည္းစနစ္အမ်ိဳးမ်ိဳးကို အသံုးျပဳလွ်က္ရွိရာတြင္ မိမိေဒသရာသီဥတု၊ ေျမအေျခအေန ႏွင့္ ဆီေလွ်ာ္မႈမရွိေသာ စိုက္ပ်ိဳးနည္းစနစ္မ်ားကို လည္း အသံုးျပဳေနၾကသည္ကို ေတြ႔ရပါသည္။

ျမန္မာႏိုင္ငံအေနနွင့္ မိုးရာသီတြင္ မိုးမ်ားျခင္း၊ ေျခာက္ေသြ႔ေသာ ေႏြရာသီကာလ တာရွည္ျခင္းတို႔ေၾကာင့္ မိမိေဒသအေျခအေနႏွင့္ သင့္ေတာ္ကိုက္ညီသည့္ စိုက္ပ်ိဳးနည္းစနစ္ကို ေရြးခ်ယ္အသံုးျပဳမွသာလွ်င္ စိုက္ခင္းအပင္မ်ား ရွင္သန္ျဖစ္ထြန္းမႈအျပည့္အ၀ ရရွိႏိုင္မည္     ျဖစ္ပါသည္။

ျမန္မာႏိုင္ငံအေနႏွင့္ ေရာ္ဘာစိုက္ခင္းမ်ား တစ္ႏွစ္တည္းစိုက္၍ ေအာင္ျမင္ျဖစ္ထြန္းမႈ အမ်ားဆံုးရရွိႏိုင္မည့္ စိုက္ပ်ိဳးနည္းစနစ္မွာ ရြက္ ဖံုးအနည္းဆံုး ၂-၃ ဖံုရင့္ၿပီးေသာ ပလတ္စတစ္အိတ္စိုက္ အဖူးကူးပ်ိဳးပင္ (Polybag Budding) သို႔မဟုတ္ ပလတ္စတစ္ အိတ္စိုက္ မ်ိဳးသန္႔ေစ့ပ်ိဳးပင္ (Polybag Seedling) မ်ားျဖင့္ စိုက္ပ်ိဳးနည္းျဖစ္ပါသည္။ ဤပ်ိဳးပင္ အမ်ိဳးအစားအား စိုက္ပ်ိဳးျခင္းျဖင့္ ေအာက္ေဖာ္ျပပါ အက်ိဳးေက်းဇူးမ်ားရရွိႏုိင္မည္ ျဖစ္ပါသည္။

(၁) ပ်ိဳးခင္းတြင္ ေပါင္းရွင္းျခင္း၊ ေျမၾသဇာေကၽြးျခင္း၊ ေရေလာင္းျခင္း၊ အစိုဓာတ္ထိန္းျခင္း၊ ပိုးမႊားေရာဂါကာကြယ္ႏွိမ္နင္းျခင္း အစရွိေသာ ပ်ိဳးပင္ထိန္းသိမ္းျပဳစမႈု လုပ္ငန္းမ်ားကို စနစ္တက်ႏွင့္ ႏိုင္နင္းထိေရာက္စြာ ေဆာင္ရြက္ႏိုင္သျဖင့္ သန္စြမ္းေသာ ပ်ိဳးပင္မ်ား ရရွိႏိုင္ျခင္း။

(၂) ယင္းပ်ိဳးပင္မ်ားမွာ စိုက္ပ်ိဳးခ်ိန္တြင္ အသန္စြမ္းဆံုး စံခ်ိန္မီ ပ်ိဳးပင္မ်ားကို ေရြးခ်ယ္စိုက္ပ်ိဳးႏိုင္သျဖင့္ စိုက္ခင္းအပင္ ရွင္သန္ျဖစ္ထြန္းမႈ အခြင့္အလန္းေကာင္းျခင္း။

(၃) အပင္ႀကီးထြားမႈႏွင့္ အရြယ္အစားအရ ပ်ိဳးပင္မ်ားကို ေရြးခ်ယ္ကာ စိုက္ပ်ိဳးႏိုင္သျဖင့္ စိုက္ခင္းတြင္ အပင္မ်ားညီညာျခင္း။

(၄) စိုက္ခင္းစိုက္ပ်ိဳးသည့္ပ်ိဳးပင္မ်ားအေနႏွင့္ ပလတ္စတစ္ ပ်ိဳးအိတ္အတြင္း ေျမလံုးႏွင့္အတူရွင္သန္ေနေသာ အျမစ္မ်ားပါရွိသျဖင့္ စိုက္ ခင္းတြင္ အပင္ႀကီးထြားမႈ အရွိန္မတန္႔ဘဲ တရွိန္ထိုးဆက္လက္ႀကီးထြားႏိုင္ျခင္း၊ ၄င္းအျပင္ စိုက္ခင္းတြင္ အျမစ္စြဲမႈျမန္ၿပီး အျမစ္မ်ား ဆက္လက္ရွင္သန္ႀကီးထြားႏိုင္သျဖင့္ ေႏြရာသီတြင္ အပင္မ်ား ျပန္ေသမည့္အခြင့္အလန္းနည္းပါးျခင္း။

(၅) ပ်ိဳးပင္တြင္ ရင့္ၿပီး ရြက္ဖံုအနည္းဆံုး ၂-၃ ဖံု ပါရွိသျဖင့္ ျမန္မာႏိုင္ငံမိုးရာသီတြင္ ဆိုးရြားစြာက်ေရာက္ေသာ ဖိုင္ေတာ့သရား ထိပ္ညြန္႔ ပုပ္ေရာဂါ (Phytophthora shoot die-back disease) ၏ ဒါဏ္ကိုခံႏိုင္ရည္ရွိ၍ အပင္ေသေပ်ာက္မႈမရွိႏိုင္ျခင္း။

(၆) အလားတူပင္ အပင္မ်ား အေတာ္အသင့္ ႀကီးေနၿပီျဖစ္၍ အပင္ငယ္စဥ္တြင္ ဖ်က္ဆီးတတ္ေသာ ပုရစ္၊ ၾကြက္၊ ေပြး စသည္မ်ား၏ ဖ်က္ဆီးမႈအႏၱရာယ္နည္းပါးျခင္း။

(၇) အပင္ရွင္သန္ ျဖစ္ထြန္းမႈ ေကာင္းသျဖင့္ အပင္မ်ားအား ၂-၃ ႏွစ္အထိအႀကိမ္ႀကိမ္ဖာေထးေနရျခင္း မရွိဘဲတစ္ႏွစ္တည္း စိုက္ပ်ိဳး   ျခင္းျဖင့္ စိုက္ခင္းျဖစ္ထြန္းေအာင္ျမင္ႏိုင္ျခင္း၊ အေၾကာင္းေၾကာင္းေၾကာင့္ အပင္အခ်ိဳ႕ေသဆံုးပါက ႏွစ္ခ်င္းျပန္လည္ အစားထိုးစိုက္ပ်ိဳး နိုင္ျခင္း။

(၈) အပင္ျဖစ္ထြန္းမႈ ေကာင္းသျဖင့္ စိုက္ခင္းအပင္ ေပါက္ေရာက္မႈ ညီညာျခင္း၊ အပင္မ်ား တရွိန္ထိုးႀကီးထြားရသျဖင့္ အပင္ႀကီးထြားမႈ ညီညာျခင္းတို႔ေၾကာင့္ စိုက္ခင္းအပင္မ်ား အေစး ေစာေစာလွီးႏိုင္ျခင္း၊ ေနာက္ပိုင္း အေစးလွီးသည့္အခါတြင္လည္း အထြက္ႏႈန္း  ေကာင္း မြန္ျခင္း။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

(၃) အသင့်⁠တော်ဆုံး စိုက်ပျိုးနည်းစနစ်

=====================

ရော်ဘာစိုက်ပျိုးသော နိုင်ငံအသီးသီးအနေနှင့် ရော်ဘာစိုက်ပျိုးနည်း စနစ်အမျိုးမျိုးကို အသုံးပြုကြပါသည်။ အလားတူ မြန်မာနိုင်ငံတွင် လည်း ရော်ဘာစိုက်ပျိုးသူများအနေနှင့် ရရှိနိုင်သော ရော်ဘာပျိုးပင်အမျိုးအစားအရ စိုက်ပျိုးနည်း စနစ်အမျိုးမျိုးကို အသုံးပြုနေကြပါသည်။ စိုက်ပျိုးနည်းစနစ်အမျိုးမျိုးကို အသုံးပြုလျှက်ရှိရာတွင် မိမိဒေသရာသီဥတု၊ မြေအခြေအနေ နှင့် ဆီလျှော်မှုမရှိသော စိုက်ပျိုးနည်းစနစ်များကို လည်း အသုံးပြုနေကြသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံအနေနှင့် မိုးရာသီတွင် မိုးများခြင်း၊ ခြောက်သွေ့သော နွေရာသီကာလ တာရှည်ခြင်းတို့ကြောင့် မိမိဒေသအခြေအနေနှင့် သင့်တော်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်ကို ရွေးချယ်အသုံးပြုမှသာလျှင် စိုက်ခင်းအပင်များ ရှင်သန်ဖြစ်ထွန်းမှုအပြည့်အ၀ ရရှိနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနှင့် ရော်ဘာစိုက်ခင်းများ တစ်နှစ်တည်းစိုက်၍ အောင်မြင်ဖြစ်ထွန်းမှု အများဆုံးရရှိနိုင်မည့် စိုက်ပျိုးနည်းစနစ်မှာ ရွက် ဖုံးအနည်းဆုံး ၂-၃ ဖုံရင့်ပြီးသော ပလတ်စတစ်အိတ်စိုက် အဖူးကူးပျိုးပင် (Polybag Budding) သို့မဟုတ် ပလတ်စတစ် အိတ်စိုက် မျိုးသန့်စေ့ပျိုးပင် (Polybag Seedling) များဖြင့် စိုက်ပျိုးနည်းဖြစ်ပါသည်။ ဤပျိုးပင် အမျိုးအစားအား စိုက်ပျိုးခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။

(၁) ပျိုးခင်းတွင် ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ရေလောင်းခြင်း၊ အစိုဓာတ်ထိန်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း အစရှိသော ပျိုးပင်ထိန်းသိမ်းပြုစမှုု လုပ်ငန်းများကို စနစ်တကျနှင့် နိုင်နင်းထိရောက်စွာ ဆောင်ရွက်နိုင်သဖြင့် သန်စွမ်းသော ပျိုးပင်များ ရရှိနိုင်ခြင်း။

(၂) ယင်းပျိုးပင်များမှာ စိုက်ပျိုးချိန်တွင် အသန်စွမ်းဆုံး စံချိန်မီ ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးနိုင်သဖြင့် စိုက်ခင်းအပင် ရှင်သန်ဖြစ်ထွန်းမှု အခွင့်အလန်းကောင်းခြင်း။

(၃) အပင်ကြီးထွားမှုနှင့် အရွယ်အစားအရ ပျိုးပင်များကို ရွေးချယ်ကာ စိုက်ပျိုးနိုင်သဖြင့် စိုက်ခင်းတွင် အပင်များညီညာခြင်း။

(၄) စိုက်ခင်းစိုက်ပျိုးသည့်ပျိုးပင်များအနေနှင့် ပလတ်စတစ် ပျိုးအိတ်အတွင်း မြေလုံးနှင့်အတူရှင်သန်နေသော အမြစ်များပါရှိသဖြင့် စိုက် ခင်းတွင် အပင်ကြီးထွားမှု အရှိန်မတန့်ဘဲ တရှိန်ထိုးဆက်လက်ကြီးထွားနိုင်ခြင်း၊ ၎င်းအပြင် စိုက်ခင်းတွင် အမြစ်စွဲမှုမြန်ပြီး အမြစ်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်သဖြင့် နွေရာသီတွင် အပင်များ ပြန်သေမည့်အခွင့်အလန်းနည်းပါးခြင်း။

(၅) ပျိုးပင်တွင် ရင့်ပြီး ရွက်ဖုံအနည်းဆုံး ၂-၃ ဖုံ ပါရှိသဖြင့် မြန်မာနိုင်ငံမိုးရာသီတွင် ဆိုးရွားစွာကျရောက်သော ဖိုင်တော့သရား ထိပ်ညွန့် ပုပ်ရောဂါ (Phytophthora shoot die-back disease) ၏ ဒါဏ်ကိုခံနိုင်ရည်ရှိ၍ အပင်သေပျောက်မှုမရှိနိုင်ခြင်း။

(၆) အလားတူပင် အပင်များ အတော်အသင့် ကြီးနေပြီဖြစ်၍ အပင်ငယ်စဉ်တွင် ဖျက်ဆီးတတ်သော ပုရစ်၊ ကြွက်၊ ပွေး စသည်များ၏ ဖျက်ဆီးမှုအန္တရာယ်နည်းပါးခြင်း။

(၇) အပင်ရှင်သန် ဖြစ်ထွန်းမှု ကောင်းသဖြင့် အပင်များအား ၂-၃ နှစ်အထိအကြိမ်ကြိမ်ဖာထေးနေရခြင်း မရှိဘဲတစ်နှစ်တည်း စိုက်ပျိုး ခြင်းဖြင့် စိုက်ခင်းဖြစ်ထွန်းအောင်မြင်နိုင်ခြင်း၊ အကြောင်းကြောင်းကြောင့် အပင်အချို့သေဆုံးပါက နှစ်ချင်းပြန်လည် အစားထိုးစိုက်ပျိုး နိုင်ခြင်း။

(၈) အပင်ဖြစ်ထွန်းမှု ကောင်းသဖြင့် စိုက်ခင်းအပင် ပေါက်ရောက်မှု ညီညာခြင်း၊ အပင်များ တရှိန်ထိုးကြီးထွားရသဖြင့် အပင်ကြီးထွားမှု ညီညာခြင်းတို့ကြောင့် စိုက်ခင်းအပင်များ အစေး စောစောလှီးနိုင်ခြင်း၊ နောက်ပိုင်း အစေးလှီးသည့်အခါတွင်လည်း အထွက်နှုန်း ကောင်း မွန်ခြင်း။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *