BREAKING NEWS

(၂) အဖူးကူူး⁠ေအာင္⁠ၿပီးစ ပ်ိဳးပင္ငုတ္ (Budded Stump) စိုက္ပ်ိဳးနည္း

ေျမေဘာင္ပ်ိဳးခင္းတြင္ ပ်ိဳးေထာင္စိုက္ပ်ိဳးထားေသာ လက္ခံပင္တြင္ မ်ိဳးသန္႔မ်ိဳးျဖင့္ အဖူးကူးၿပီးေနာက္ ေအာင္ျမင္သည့္အပင္အား မ်ိဳးသန္႔ဖူး မွ အပင္မထြက္ခင္တြင္ ႏႈတ္ကာ ေရေသာက္ျမစ္ႏွင့္ လက္ခံပင္အေပၚပိုင္းအဖူးကူး ေနရာအထက္နားတြင္ ျဖတ္ကာ စိုက္က်င္းတြင္ စိုက္ ပ်ိဳးျခင္းျဖစ္ပါသည္။

လက္ခံပင္အား အဖူးအထက္ ၄-၅ လက္မခန္႔တြင္ အဖူး၏ အျခားတစဖက္သို႔ ေစာင္း၍ ျဖတ္ရသည္။ ေရေသာက္ျမစ္အား ပ်ိဳးပင္သက္ တမ္းႏွင့္ အဖူကူးနည္းစနစ္ အမ်ိဳးမ်ိဳးအရ ၁၄ လက္မ မွ ၁၈လက္မခန္႔ အရွည္ထား၍ ျဖတ္ရသည္။ အလားတူ ေဘးအျမစ္မ်ားကိုလည္း ၁/၂ လက္မ မွ ၁ ၁/၂ လက္မခန္႔အထိ ထား၍ ျဖတ္ရသည္။ ဤအဖူးကူးေအာင္ျမင္ၿပီးစ ပ်ိဳးပင္ငုတ္အား စိုက္ပ်ိဳးရာတြင္ အသင့္ေျမျပန္ဖို႔ ထားေသာ စို္က္က်င္းတြင္ စိုက္ပ်ိဳးမည့္ ပ်ိဳးပင္ငုတ္ အျမစ္အရွည္၀င္ဆံ့ရန္အတြက္ ယင္းအျမစ္အရွည္အနက္အထိ ပ်ိဳးပင္ငုတ္ထက္ အနည္းငယ္ႀကီးေသာ တုတ္ခၽြန္ျဖင့္ အရာေပးကာ အေပါက္ေဖာက္ရသည္။ ယင္းအေပါက္တြင္ ပ်ိဳးပင္ငုတ္အား ထိုးစိုက္ကာ အပင္မွ ၇-၈ လက္မခန္႔ အကြာတြင္ စိုက္က်င္းအတြင္း တုတ္ေခ်ာင္းအားေစာင္း၍  ထိုးစိုက္ကာ ေျမႀကီအား အပင္ဘက္သို႔ ဆြဲၾကပ္ေပးရသည္။ ဤသို႔ အပင္ဘက္သို႔ေျမႀကီးအားဆြဲ ၾကပ္ျခင္းကို အပင္ပတ္ပတ္လည္ ၄-၅ ေနရာတြင္ျပဳလုပ္ရသည္။ ဆက္လက္၍ အပင္ပတ္ပတ္လည္ ရွိေျမႀကီးအားနင္းသိပ္ေပးရသည္။

အပင္ေဘးျမစ္မ်ားအျပတ္မနင္းမိေအာင္ ဂရုစိုက္ရမည္။ အဓိကမွာ အျမစ္မ်ားႏွင့္ေျမႀကီးမ်ား ထိေနရၿပီး ေလဟာေနျခင္း မရွိေအာင္   ေျမႀကီးမ်ား ၾကပ္ေပးျခင္း၊ နင္းေပးျခင္း ျပဳလုပ္ရသည္။ စိုက္က်င္းတြင္ ေရ၀ပ္ေနျခင္းမရွိေအာင္ ဂရုစိုက္ရသည္။ စိုက္ပ်ိဳးၿပီးေနာက္တစ္ ပတ္ခန္႔အတြင္း အပင္မ်ားအားျပန္လည္စစ္ေဆးကာ လိုအပ္ပါက ေျမထက္ဖို႔ကာ နင္းသိပ္ေပးရသည္။ မိုးရာသီမကုန္မီ ျမက္ေျခာက္၊   ေကာက္ရိုးစသည္ မ်ားအား အပင္ေျခတြင္အုပ္ကာ အစိုဓါတ္ထိနး္ေပးရသည္။ အပတ္စဥ္ အပင္မ်ားစစ္ေဆးကာ လက္ခံပင္အပိုင္းမွ ထြက္လာေသာ အညြန္႔အတက္မ်ားအားျဖတ္ကာ ဖယ္ရွားရသည္။ အလားတူ မ်ိဳးသန္႔အဖူးမွ အညြန္႔တစ္ခုထက္ပိုထြက္လာပါက အသန္ ဆံုးအညြန္႔တစ္ခုမွအပ က်န္အညြန္႔အတက္မ်ားအား ျဖတ္ေပးရသည္။

ဤနည္းမွာ ေျမလံုးမပါဘဲ အျမစ္အားျဖတ္ကာ စိုက္ပ်ိဳးျခင္းျဖစ္သည့္အတြက္ အပင္ေသေပ်ာက္မႈ မ်ားပါသည္။ ၄င္းအျပင္ စိုက္ပ်ိဳးျခင္းျဖစ္ သည့္ အဖူးကူးေအာင္ပင္မ်ားအေနႏွင့္ အဖူးမွ အပင္ထြက္လာမႈမွာ အပင္အားလံုး တစ္ၿပိဳင္တည္း မထြက္ဘဲ ကြာျခားမႈရွိသျဖင့္ စိုက္ခင္း အပင္ညီညာမႈမရွိပါ။ လက္ခံပင္အပိုင္းမွ ထြက္လာေသာ အညြန္႔မ်ားအားအခ်ိန္မွန္ စစ္ေဆး ျဖတ္ေတာက္ျခင္းမရွိပါက မ်ိဳးသန္႔အဖူးမွ အပင္ထြက္မလာဘဲ ကန္းသြားတက္သည္။

ျမန္မညႏိုင္ငံတြင္ ယခင္က ဤနည္းကို အသံုးျပဳစိုက္ပ်ိဳးခဲ့ရာတြင္ ၄၀%မွ ၆၀% အထိအပင္မ်ား ေသဆံုးမႈ ရွိခဲ့ပါသည္။ ဤနည္းမွာ မိုးရြာ သြန္းမႈမေသခ်ာသည့္ေဒသမ်ား၊ ေႏြရာသီ ပူျပင္းေျခာက္ေသြ႔ကာလ ရွည္ၾကာသည့္ ေဒသမ်ား၊ အစိုဓါတ္ထိန္းမႈ ညံ့ေသာေဒသမ်ားတြင္   ျဖစ္ထြန္းေအာင္ျမင္မႈ နည္းပါသည္။ ရာသီဥတုႏွင့္ ေျမအေျခအေနေကာင္းသည့္ ေဒသမ်ားတြင္ မိုးရာသီက်ေရာက္ၿပီး မိုးမွန္သည္ႏွင့္   ေစာေစာ စိုက္ပ်ိဳးရန္လိုအပ္ပါသည္။ စိုက္ပ်ိဳးသည့္လုပ္ငန္းကို ကၽြမ္းက်င္ရန္ လိုအပ္ၿပီး စနစ္တက်ႀကီးၾကပ္ေပးရန္ လိုအပ္ပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

(၂) အဖူးကူူး⁠အောင်⁠ပြီးစ ပျိုးပင်ငုတ် (Budded Stump) စိုက်ပျိုးနည်း

=========================================

မြေဘောင်ပျိုးခင်းတွင် ပျိုးထောင်စိုက်ပျိုးထားသော လက်ခံပင်တွင် မျိုးသန့်မျိုးဖြင့် အဖူးကူးပြီးနောက် အောင်မြင်သည့်အပင်အား မျိုးသန့်ဖူး မှ အပင်မထွက်ခင်တွင် နှုတ်ကာ ရေသောက်မြစ်နှင့် လက်ခံပင်အပေါ်ပိုင်းအဖူးကူး နေရာအထက်နားတွင် ဖြတ်ကာ စိုက်ကျင်းတွင် စိုက် ပျိုးခြင်းဖြစ်ပါသည်။

လက်ခံပင်အား အဖူးအထက် ၄-၅ လက်မခန့်တွင် အဖူး၏ အခြားတစဖက်သို့ စောင်း၍ ဖြတ်ရသည်။ ရေသောက်မြစ်အား ပျိုးပင်သက် တမ်းနှင့် အဖူကူးနည်းစနစ် အမျိုးမျိုးအရ ၁၄ လက်မ မှ ၁၈လက်မခန့် အရှည်ထား၍ ဖြတ်ရသည်။ အလားတူ ဘေးအမြစ်များကိုလည်း ၁/၂ လက်မ မှ ၁ ၁/၂ လက်မခန့်အထိ ထား၍ ဖြတ်ရသည်။ ဤအဖူးကူးအောင်မြင်ပြီးစ ပျိုးပင်ငုတ်အား စိုက်ပျိုးရာတွင် အသင့်မြေပြန်ဖို့ ထားသော စိုက်ကျင်းတွင် စိုက်ပျိုးမည့် ပျိုးပင်ငုတ် အမြစ်အရှည်ဝင်ဆံ့ရန်အတွက် ယင်းအမြစ်အရှည်အနက်အထိ ပျိုးပင်ငုတ်ထက် အနည်းငယ်ကြီးသော တုတ်ချွန်ဖြင့် အရာပေးကာ အပေါက်ဖောက်ရသည်။ ယင်းအပေါက်တွင် ပျိုးပင်ငုတ်အား ထိုးစိုက်ကာ အပင်မှ ၇-၈ လက်မခန့် အကွာတွင် စိုက်ကျင်းအတွင်း တုတ်ချောင်းအားစောင်း၍ ထိုးစိုက်ကာ မြေကြီအား အပင်ဘက်သို့ ဆွဲကြပ်ပေးရသည်။ ဤသို့ အပင်ဘက်သို့မြေကြီးအားဆွဲ ကြပ်ခြင်းကို အပင်ပတ်ပတ်လည် ၄-၅ နေရာတွင်ပြုလုပ်ရသည်။ ဆက်လက်၍ အပင်ပတ်ပတ်လည် ရှိမြေကြီးအားနင်းသိပ်ပေးရသည်။

အပင်ဘေးမြစ်များအပြတ်မနင်းမိအောင် ဂရုစိုက်ရမည်။ အဓိကမှာ အမြစ်များနှင့်မြေကြီးများ ထိနေရပြီး လေဟာနေခြင်း မရှိအောင် မြေကြီးများ ကြပ်ပေးခြင်း၊ နင်းပေးခြင်း ပြုလုပ်ရသည်။ စိုက်ကျင်းတွင် ရေဝပ်နေခြင်းမရှိအောင် ဂရုစိုက်ရသည်။ စိုက်ပျိုးပြီးနောက်တစ် ပတ်ခန့်အတွင်း အပင်များအားပြန်လည်စစ်ဆေးကာ လိုအပ်ပါက မြေထက်ဖို့ကာ နင်းသိပ်ပေးရသည်။ မိုးရာသီမကုန်မီ မြက်ခြောက်၊ ကောက်ရိုးစသည် များအား အပင်ခြေတွင်အုပ်ကာ အစိုဓါတ်ထိန်းပေးရသည်။ အပတ်စဉ် အပင်များစစ်ဆေးကာ လက်ခံပင်အပိုင်းမှ ထွက်လာသော အညွန့်အတက်များအားဖြတ်ကာ ဖယ်ရှားရသည်။ အလားတူ မျိုးသန့်အဖူးမှ အညွန့်တစ်ခုထက်ပိုထွက်လာပါက အသန် ဆုံးအညွန့်တစ်ခုမှအပ ကျန်အညွန့်အတက်များအား ဖြတ်ပေးရသည်။

ဤနည်းမှာ မြေလုံးမပါဘဲ အမြစ်အားဖြတ်ကာ စိုက်ပျိုးခြင်းဖြစ်သည့်အတွက် အပင်သေပျောက်မှု များပါသည်။ ၎င်းအပြင် စိုက်ပျိုးခြင်းဖြစ် သည့် အဖူးကူးအောင်ပင်များအနေနှင့် အဖူးမှ အပင်ထွက်လာမှုမှာ အပင်အားလုံး တစ်ပြိုင်တည်း မထွက်ဘဲ ကွာခြားမှုရှိသဖြင့် စိုက်ခင်း အပင်ညီညာမှုမရှိပါ။ လက်ခံပင်အပိုင်းမှ ထွက်လာသော အညွန့်များအားအချိန်မှန် စစ်ဆေး ဖြတ်တောက်ခြင်းမရှိပါက မျိုးသန့်အဖူးမှ အပင်ထွက်မလာဘဲ ကန်းသွားတက်သည်။

မြန်မညနိုင်ငံတွင် ယခင်က ဤနည်းကို အသုံးပြုစိုက်ပျိုးခဲ့ရာတွင် ၄၀%မှ ၆၀% အထိအပင်များ သေဆုံးမှု ရှိခဲ့ပါသည်။ ဤနည်းမှာ မိုးရွာ သွန်းမှုမသေချာသည့်ဒေသများ၊ နွေရာသီ ပူပြင်းခြောက်သွေ့ကာလ ရှည်ကြာသည့် ဒေသများ၊ အစိုဓါတ်ထိန်းမှု ညံ့သောဒေသများတွင် ဖြစ်ထွန်းအောင်မြင်မှု နည်းပါသည်။ ရာသီဥတုနှင့် မြေအခြေအနေကောင်းသည့် ဒေသများတွင် မိုးရာသီကျရောက်ပြီး မိုးမှန်သည်နှင့် စောစော စိုက်ပျိုးရန်လိုအပ်ပါသည်။ စိုက်ပျိုးသည့်လုပ်ငန်းကို ကျွမ်းကျင်ရန် လိုအပ်ပြီး စနစ်တကျကြီးကြပ်ပေးရန် လိုအပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *