BREAKING NEWS

(က) မ်ိဳးသန္႔ အဖူးကူးပင္မ်ား⁠ျဖင့္ စိုက္ပ်ိဳးနည္းမ်ား

(၁) စိုက္ခင္းတြင္ လက္ခံပင္အား စိုက္ပ်ိဳးကာ အဖူးကူးနည္း

(Field Budding)

လက္ခံပင္အျဖစ္ အသံုးျပဳမည့္ ေရာ္ဘာ မ်ိဳးေစ့မ်ားအား အစို႔ေဖာက္ၿပီးေနာက္ စိုက္က်င္းတစ္က်င္းလွ်င္ အစို႔ေပါက္ေစ့ ၃ေစ့အား စိုက္ပ်ိဳး ပါသည္။ စိုက္ၿပီး ၃-၄ လခန္႔အၾကာတြင္ သန္စြမ္းေသာ အပင္ ၂ပင္အား ခ်ိန္ထားကာ က်န္ ၁ ပင္အားႏႈတ္ပစ္ရသည္။ စိုက္က်င္းတြင္ ရွင္သတ္က်န္ရွိေသာ အပင္ ၂ ပင္အား ေရွ႕ႏွစ္မိုးဦးက် ကာလတြင္ မ်ိဳးသန္႔မ်ိဳးျဖင့္ အဖူးကူးပါသည္။ စိုက္က်င္းတြင္ ေအာင္ျမင္ေသာ အဖူး ကူးပင္ ၁ ပင္သာ ခ်န္ၿပီး က်န္ေအာင္ပင္အား ႏႈတ္ယူကာ မေအာင္ျမင္သည့္ စိုက္က်င္းမ်ားတြင္ ဖာေထးစိုက္ပ်ိဳးရပါသည္။

ဤနည္းအရ စိုက္ပ်ိဳးထားေသာ လက္ခံပင္မ်ားမွာ ပ်ိဳးခင္းတြင္ ပ်ိဳးေထာင္ေသာ ပ်ိဳးပင္မ်ားေလာက္ အပင္သန္စြမ္းမႈမရွိပါ။ အပင္ႀကီးထြား မႈလည္း ညီညာမႈမရွိပါ။ လက္ခံပ်ိဳးပင္မ်ား မသန္စြမ္းသည့္အျပင္ စိုက္ခင္းတြင္ အဖူးကူးျခင္းျဖစ္သည့္အတြက္ အဖူးကူးေအာင္ျမင္မႈႏႈန္း လည္း နည္းပါးပါသည္။ အဖူးကူးေအာင္ပင္မ်ားအေနႏွင့္ အဖူးထြက္မႈမညီညာသည့္အျပင္ ယင္းထြက္လာေသာ အဖူးမွ အပင္အား ျပန္ လည္မေသဆံုးရန္ႏွင့္ ႀကီးထြားသန္စြမ္းလာေစရန္အတြက္ အထူးဂရုျပဳထိန္းသိမ္းျပဳစုရန္ လိုအပ္ပါသည္။

မိုးရာသီ မိုးႀကီးလြန္းသည့္ ေဒသမ်ား ေႏြရာသီေျခာက္ေသြ႕ကာလရွည္ၾကာလြန္းသည့္ ေဒသမ်ားတြင္ အပင္ရွင္သန္ ျဖစ္ထြန္းမႈႏွင့္ သန္စြမ္းမႈနည္းပါသည္။ ထို႔ေၾကာင့္ စိုက္ခင္းတြင္ လက္ခံပင္အား တိုက္ရိုက္အဖူးကူးကာ စိုက္ပ်ိဳးနည္းကို ေရာ္ဘာစိုက္ပ်ိဳးနည္းဧရိယာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ရန္ မသင့္ေတာ္ပါ။

ျမန္မာ့စိုက္ပ်ိဳးေရးလုပ္ငန္း

Unicode ျဖင့္ဖတ္ရန္

(က) မျိုးသန့် အဖူးကူးပင်များ⁠ဖြင့် စိုက်ပျိုးနည်းများ

==========================

(၁) စိုက်ခင်းတွင် လက်ခံပင်အား စိုက်ပျိုးကာ အဖူးကူးနည်း

(Field Budding)

လက်ခံပင်အဖြစ် အသုံးပြုမည့် ရော်ဘာ မျိုးစေ့များအား အစို့ဖောက်ပြီးနောက် စိုက်ကျင်းတစ်ကျင်းလျှင် အစို့ပေါက်စေ့ ၃စေ့အား စိုက်ပျိုး ပါသည်။ စိုက်ပြီး ၃-၄ လခန့်အကြာတွင် သန်စွမ်းသော အပင် ၂ပင်အား ချိန်ထားကာ ကျန် ၁ ပင်အားနှုတ်ပစ်ရသည်။ စိုက်ကျင်းတွင် ရှင်သတ်ကျန်ရှိသော အပင် ၂ ပင်အား ရှေ့နှစ်မိုးဦးကျ ကာလတွင် မျိုးသန့်မျိုးဖြင့် အဖူးကူးပါသည်။ စိုက်ကျင်းတွင် အောင်မြင်သော အဖူး ကူးပင် ၁ ပင်သာ ချန်ပြီး ကျန်အောင်ပင်အား နှုတ်ယူကာ မအောင်မြင်သည့် စိုက်ကျင်းများတွင် ဖာထေးစိုက်ပျိုးရပါသည်။

ဤနည်းအရ စိုက်ပျိုးထားသော လက်ခံပင်များမှာ ပျိုးခင်းတွင် ပျိုးထောင်သော ပျိုးပင်များလောက် အပင်သန်စွမ်းမှုမရှိပါ။ အပင်ကြီးထွား မှုလည်း ညီညာမှုမရှိပါ။ လက်ခံပျိုးပင်များ မသန်စွမ်းသည့်အပြင် စိုက်ခင်းတွင် အဖူးကူးခြင်းဖြစ်သည့်အတွက် အဖူးကူးအောင်မြင်မှုနှုန်း လည်း နည်းပါးပါသည်။ အဖူးကူးအောင်ပင်များအနေနှင့် အဖူးထွက်မှုမညီညာသည့်အပြင် ယင်းထွက်လာသော အဖူးမှ အပင်အား ပြန် လည်မသေဆုံးရန်နှင့် ကြီးထွားသန်စွမ်းလာစေရန်အတွက် အထူးဂရုပြုထိန်းသိမ်းပြုစုရန် လိုအပ်ပါသည်။

မိုးရာသီ မိုးကြီးလွန်းသည့် ဒေသများ နွေရာသီခြောက်သွေ့ကာလရှည်ကြာလွန်းသည့် ဒေသများတွင် အပင်ရှင်သန် ဖြစ်ထွန်းမှုနှင့် သန်စွမ်းမှုနည်းပါသည်။ ထို့ကြောင့် စိုက်ခင်းတွင် လက်ခံပင်အား တိုက်ရိုက်အဖူးကူးကာ စိုက်ပျိုးနည်းကို ရော်ဘာစိုက်ပျိုးနည်းဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မသင့်တော်ပါ။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း





Leave a Reply

Your email address will not be published. Required fields are marked *