BREAKING NEWS

ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းရဲ့ ရှေ့အလားအလာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး (၇-၁-၂၀၁၇)ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိလာပြီး ကပ္ပလီကျွန်းစုရဲ့အနောက်ဖက်ရေပြင်မှာ ဗဟိုပြုနေနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ဟာ (၉-၁-၂၀၁၇)ရက်နေ့အထိ အနောက်မြောက်ဖက်ကို ရွေ့လာနေရာမှ (၁၀-၁-၂၀၁၇) ရက်နေ့တွင် လမ်းကြောင်း   ပြောင်းကာ အရှေ့မြောက်ဖက်သို့ ရွေ့လျှားလာမည်ဟု ခန့်မှန်းရပါတယ်။ ထိုသို့ရွေ့လျှားလာရင်း (၁၁-၁-၂၀၁၇) ရက်နေ့တွင် တဖြည်ဖြည်း အားလျော့လာကာ ညနေပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့လာပြီးနောက် မြန်မာနိုင်ငံအနောက်ဖက် ကမ်းခြေများကို ၀င်ရောက်ဖွယ်ရာရှိပါတယ်။
မှတ်ချက်။ (၁) (၅-၁-၂၀၁၇) နေ့လည် (၁၂း၃၀)နာရီအချိန်တိုင်းတာချက်များကို အခြေပြုတွက်ချက်ပါတယ်။ (၂) ခန့်မျန်းချက်များမှာ အချိန်နဲ့ လိုက်ပြီးပြောင်းလဲနိုင်ပါတယ်။
Source by – ဒေါက်တာထွန်းလွင်




Leave a Reply

Your email address will not be published. Required fields are marked *