BREAKING NEWS

⁠မွေး⁠မြူ⁠ရေးလုပ်ငန်းလုပ်ကိုင်သူများကို ⁠နှစ်ရှည်⁠ချေး⁠ငွေများ ⁠ဆောင်ရွက်⁠ပေးသင့်ေ⁠ကြာင်းေ⁠ပြာ

ပုစွန်မွေးမြူရေးကန်ဘောင်များကောင်းမွန်စွာအဆင့်မြှင့်တင်ရန်နှင့် အရည်အသွေးမြင့်သားပေါက်များ ထုတ်လုပ်နိုင်ရန်နိုင်ငံတော် အစိုး ရမှမွေးမြူရေးလုပ်ကိုင်သူများကိုနှစ်ရှည်ချေးငွေများဆောင်ရွက်ပေးသင့် ကြောင်းမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချူပ်မှအထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က“ မွေးမြူရေးကန်ဘောင်များအဆင့်မြှင့်တင်ရန်လိုအပ်နေတဲ့   ငွေကြေးကို အစိုးရပိုင်းက နေနှစ်ရှည်ချေး ငွေနဲ့ဆောင်ရွက်ပေးသင့်ပါ တယ်၊ရောဂါကင်းရှင်းတဲ့အရည် အသွေးမြင့်သားပေါက်များ လည်း ထုတ်လုပ်နိုင်ရန်လိုအပ်ချက်များရှိနေပါတယ်’’ လို့၎င်းကပြောပါတယ်။

၂၀၁၃ ခုနှစ်မှစတင်၍ ပုစွန်သားပေါက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုများရှိခဲ့ပြီး ယခုလက်ရှိအချိန်ထိပြည်တွင်း လုပ်ငန်းရှင် များထုတ်လုပ်သည့် ပုစွန်များကိုစစ်ဆေးရန်ဓါတ်ခွဲခန်းမရှိသောကြောင့် အရည်အသွေးမြင့်သားပေါက်များထုတ်လုပ်နိုင်ခြင်းမရှိကြောင်း ပုစွန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ပုစွန်မွေမြူရေးလုပ်ငန်းပိုင်းလုပ်ကိုင်မှုတွေကျဆင်းလာနေပြီး၊ နည်းပညာပိုင်းအားနည်းမှုတွေ လညှ်းရှိနေကြောင်း မြန်မာနိုင်ငံပုစွန်မွေးမြူထုတ်လုပ်သူများအသင်းမှ အလုပ်အမှုဆောင် ဦးမြင့်စိုးက ပြောပါတယ်။

“ရေချိုပုစွန်မွေးမြူရေး လုပ်ငန်းတွေနှစ် ၂၀ ကျော်လောက်ကျဆင်းတဲ့အခြေ အနေဖြစ်နေတယ်။ ကုန်းတွင်းပိုင်းမှာသားပေါက် ထုတ်လုပ်တဲ့လုပ်ငန်းတွေလုပ်ကိုင်ရတဲ့အခါမှာ အားနည်းချက်တွေကြောင့် မွေးမြူးရေးလုပ်ငန်းပိုင်းတွေလည်းကျဆင်းလာတယ်၊ နည်းပညာပိုင်းမှာလည်းလုပ်ငန်းတိုး တက်မှုပိုင်းကအားနည်းနေတယ်”

၂၀၀၅ခုနှစ်တွင် သဘာဝဖမ်းဆီးရမိသည့်ပုစွန်မှ ပြည်ပတင်ပို့မှုဝင်ငွေသန်း ၂၀၀ကျော်ရရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် နည်း ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေခြင်းနှင့် အရည်အသွေးမြင့်သားပေါက် ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့် ပြည်ပတင်ပို့မှု ဝင်ငွေ သန်း ၆၀ ဝန်းကျင်သာရရှိနေပြီး ပုစွန်ပြည်ပတင်ပို့မှုဝင်ငွေမှာ များစွာလျော့နည်းလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရပါတယ်။

ပုစွန်မွေးမြူထုတ်လုပ်ရောင်းချရေးလုပ်ငန်းများယခင်ကဲ့သို့ ပြန်လည်ရပ်တည်လာနိုင်ရန်အတွက် မွေးမြူထုတ်လုပ်သူများနှင့် ပညာရှင် များစုပေါင်းကာဆွေးနွေးပွဲကိုကျင်းပနိုင်ရန် စီစဉ်နေသောကြောင့် သက်ဆိုင်ရာလုပ်ငန်းရှင်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေကြောင်း ပုစွန်လုပ်ငန်းလုပ်ကိုင်သူများက ပြောပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *