BREAKING NEWS

⁠မှောင်ခိုတင်သွင်းလာတဲ့ ပလပ်စတစ်ဆန်⁠တွေ ⁠နိုင်ဂျီးနီးယားမှာ ဖမ်းမိ

နိုင်ငံအတွင်း မှောင်ခိုတင်သွင်းလာတဲ့ ပလပ်စတစ်ဆန်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ဂျီးနီးယားအကောက်ခွန်ဌာနက ပြောပါတယ်။

အဲ့ဒီပလက်စတစ်ဆန်အတုတွေကို ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်အတွင်း ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပြီး စားသုံးမိသူတွေအနေနဲ့ အန္တရာယ်ရှိနိုင်ကြောင်း အာဏာပိုင်တွေက တရားဝင်သတိပေးမှုတွေပြုလုပ်ခဲ့ပါတယ်။
“ အဲ့ဒီဆန်တွေကို ကျနော်တို့ စမ်းသပ်ချက်ပြုတ်တဲ့ကြည့်အခါ စေးကပ်ကပ်ကြီးတွေဖြစ်ပြီး၊ စားသုံးမိရင် ဘာတွေဖြစ်မလဲဆိုတာတော့ မသိနိုင်ဘူး”လို့ လာဂို့စ်ဆိပ်ကမ်း အကောက်ခွန်ဌာနအကြီးအကဲ မိုဟာမက်ဟာရူးနာက ပြောပါတယ်။
နိုင်ငံတွင်း ပလက်စတစ်ဆန်တွေကို မှောင်ခိုတင်သွင်းမှုတွေပြုလုပ်ခဲ့တဲ့ သံသယရှိသူတွေကို ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုတွေ   ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
နိုင်ဂျီးနီးယားနိုင်ငံဟာ ဆန်ကို အဓိကစားသုံးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ မှောင်ခိုတင်သွင်းလာတဲ့ ပလက်စတစ်ဆန်အိပ်ပေါင်း ၁၀၀   ကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Ref ; AFP





Leave a Reply

Your email address will not be published. Required fields are marked *