BREAKING NEWS

တညင်းပင် စိုက်ပျိုးနည်း

မြန်မာအမည် – တညင်း

အင်္ဂလိပ်အမည် – DJENKOL BEAN

ရုက္ခဗေဒအမည် – Pithe cellobium labatum

မျိုးရင်းအမည် – MIMOSACEAE

၁။ တညင်းမျိုးများ

အသီးအရွယ်အစားကိုလိုက်၍

၁။ တညင်းကြီး

၂။ စာကလေးတညင်း ဟူ၍လည်းကောင်း

ဒေသကိုလိုက်၍

၁။ မြေပြန့်တညင်း (မြောင်းမြတညင်း၊ ပေါင်တညင်း)

၂။ တောင်ပေါ်တညင်း (ကျေးတောင်တညင်း၊ မြစ်ကြီးနား၊ နောင်ချိုတညင်း)

ဟူ၍လည်းကောင်း ခွဲခြားထားသည်။

၂။ စိုက်ပျိုးသည့်ဒေသများ

ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (နောင်ချို) ၊ မန္တလေးတိုင်း (ပြင်ဦးလွင်) တို့တွင် စိုက်ပျိုးသည်။

၃။ ရေမြေ ရာသီဥတု

အောက်ခံဂ၀ံမြေနှင့် သဲနုန်းမြေတို့သည် တညင်းပင်အတွက် အသင့်တော်ဆုံး ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် အပူအအေူ ကွာခြားမှုရှိသော ရာသီဥတုကို နှစ်သက်သည်။ မိုးရေချိန် ၁၀၀-၂၀၀ လက်မ အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။

၎။ မြေပြုပြင်ခြင်း

မြေကို အထူးထွန်ယက်ရန် မလိုအပ်ပေ။ စိုက်ကျင်းကို လေးပေ ပတ်လည် သို့မဟုတ် ငါးပေပတ်လည် တူးကာ ကျင်းထဲသို့ အပေါ်ယံမြေ၊ သဲ၊ နွားချေး နှင့် သဘာဝ မြေသြဇာတို့ကို ဆတူရော၍ ဖို့ပေးရပါမည်။

၅။ ပျိုးထောင်နည်း

တညင်းသီးအရင့်များကို အရိပ်အောက်တွင် တစ်လခန့် ဖြန့်ထားပြီး သဲနှင့် နွားချေး ၃:၁ ရောထားသော ပျိုးဘောင်ကို   ရေ၀အောင်   လောင်းပြီး တညင်းသီးများကို စီရီချထားခြင်းဖြင့် အစို့ထွက်လာပါသည်။ အစို့ထွက် သည်အထိ ရေ၀အောင်အောင်ပေးရပါမည်။ အချို့က ရေစပ်စပ်စိမ်ပြီး တညင်းဝက်ဖြစ်မှ ဘောင်ချစိုက်လေ့ရှိ ကြသည်။

၆။ စိုက်ပျိုးနည်း

တညင်းပင်သည် အထနှေးသောကြောင့် လေး-ငါးနှစ် စောင့်ရခြင်း၊ ရွက်အုပ်ထူလွန်းသဖြင့် အပင်ကြီးလာပါက ကြားသီးနှံစိုက်ရန် ခက်သဖြင့် သီးညှပ်ဖြစ်စေ အရိပ်ပင်အဖြစ် ဖြစ်စေ စိုက်လေ့ရှိပါသည်။

သီးသန့်စိုက်ရမည်ဆိုပါက ၃၀×၃၀ ပေ ထားပြီး နှစ်တိုသီးပင်များဖြင့် ရောစိုက်က တစ်ဧက ၄၈ ပင် ထားသင့်ပါသည်။

၇။ ဓာတ်မြေသြဇာကျွေးခြင်း

သဘာဝမြေသြဇာကို အနှစ်သက်ဆုံးဖြစ်ကာ အပင်ငယ်လျှင် သစ်ရွက်ဆွေးနှင့် နွားချေးတစ်ပင်လျှင် နှစ်တင်းနှုန်း၊ အခြား သဘာဝ   မြေသြဇာ တင်းဝက်ခန့် ထပ်ထည့်ပေးသင့်သည်။ အပင်ကြီးလာသည်နှင့် မြေသြဇာကို ၅-၁၀ ဆထိ တိုးပေးသင့်ပါသည်။

၈။ အပင်ပြုစုခြင်း

တညင်းပင်၏ ကိုင်းခြောက်ကိုင်းနား ကိုင်းညှပ်များကို ဖြတ်ပေးသင့်သော်လည်း တညင်းပင်သည် သရက်ပင်ကဲ့သို့ ကိုင်းဖျားတွင် အညွန့် နှင့်အတူ အဖူးဖူးကာ သီးလေ့ရှိသဖြင့် မလိုအပ်ဘု ခုတ်ထွင်ဖြတ်တောက်ခြင်း မပြုသင့်ပါ။ မိုးရာသီတွင် ပင်ခြေကိုရှင်းကာ နွေရာသီတွင် အစိုဓာတ်ရရန် မြက်ခြောက်များ အုပ်ပေးသင့်သည်။

၉။ အထွက်နှုန်း

တညင်းသီးအပင်မှ တစ်ပင်လျှင် အသီး ၃၀၀၀ မှ ၅၀၀၀ ထိ သီးနိုင်ပါသည်။

Source by – လယ်/ဆည်





Leave a Reply

Your email address will not be published. Required fields are marked *