BREAKING NEWS

စ⁠ေတာ္ဘယ္ရီပင္ စိုက္ပ်ိဳးနည္း

ျမန္မာအမည္ – စေတာ္ဘယ္ရီ

အဂၤလိပ္အမည္ – STRAWBERRY

ရုကၡေဗဒအမည္ – Fragaria virginiana

မ်ိဳးရင္းအမည္ – ROSACEAE

၁။ မူရင္းေဒသ

ေျမာက္အေမရိက။

၂။ မ်ိဳးမ်ား

ရွမ္းျပည္နယ္ ဟိုပံုးၿမိဳ႕နယ္၊မဲနယ္ေတာင္ေဒသတြင္ ပအို၀္နီမ်ိဳးကို စိုက္ပ်ိဳးၿပီး ျပင္ဦးလြင္ၿမိဳ႕နယ္တြင္မူ စစ္မျဖစ္မီက ေရာက္ရွိလာခဲ့ေသာ မ်ိဳးမ်ားမွ ပြားမ်ားစိုက္ပ်ိဳးလာခဲ့ေၾကာင္း သိရပါသည္။

အသီးအေရာင္အဆင္းမွာ အနီ၊ပန္းေရာင္ႏွင့္ အျဖဴေရာင္မ်ားေတြ႔ရၿပီး အသီးပံုသ႑န္မွာ ထုလံုးခၽြန္ပံုမွ ဘဲဥပံု အမ်ိဳးမ်ိဳး ရွိၾကပါသည္။

၃။ စိုက္ပ်ိဳးသည့္ေဒသ

ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ မႏၱေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ က်ယ္က်ယ္ျပန္႔ျပန္႔ စိုက္ပ်ိဳးၾကပါသည္။ ယခုအခါ ေတာင္ေပၚေဒသမွ ပ်ိဳးပင္မ်ားကို ပုပၸပါးေတာင္ေျခတစ္၀ိုက္တြင္ စမ္းသပ္စိုက္ပ်ိဳးေအာင္ျမင္ေနၿပီ ျဖစ္ပါသည္။

၄။ ေရေျမရာသီဥတု

သဲႏုန္းေျမသည္ ေျမေဆြးဓာတ္ပါ၀င္မႈမ်ားသျဖင့္ စေတာ္ဘယ္ရီစိုက္ပ်ိဳးရန္ ေကာင္းမြန္ပါသည္။ ရွမ္းျပည္နယ္တြင္ ခဲေျမတြင္ စိုက္ပ်ိဳးေလ့ ရွိၿပီး ေတာင္ေပၚေျမနီေစးတြင္ စိုက္ပ်ိဳးျခင္းထက္ အထြက္ႏႈန္း တစ္ဆခန္႔ ပိုမိုပါသည္။

ေအးျမေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္သည္။ အလြန္ေျခာက္ေသြ႕ပူျပင္းက အသီးမတင္ျခင္းႏွင့္ အသီးပံုသ႑န္ မမွန္ျခင္းတို႔   ျဖစ္ေပၚႏိုင္ပါသည္။ အပူခ်ိန္ ၃၅ံ စင္တီဂရိတ္ထက္ ေက်ာ္လြန္ပါက အပင္ေသေစႏိုင္ပါသည္။

၅။ အပင္သားတက္ (Runner) ရယူျခင္း

စေတာ္ဘယ္ရီသီးမွ အေစ့ထုတ္ယူ၍ အပင္ေဖာက္ကာ မ်ိဳးပြားႏိုင္ေသာ္လည္း က်ယ္က်ယ္ျပန္႔ျပန္႔ စိုက္ပ်ိဳးရန္အတြက္မူ ပင္မႀကီးမွ ထြက္လာေသာ ေျမေလွ်ာက္ပင္စည္မ်ား အဆစ္နားမွ အပင္သားတက္ (Runner) မ်ား ထြက္လာရာမွ အျမစ္တြယ္လာၿပီးေနာက္ ၎ကို   ျဖတ္ေတာက္ေမြးျမဴ၍ ေရြ႕ေျပာင္းစိုက္ပ်ိဳးေလ့ရွိ္ၾကပါသည္။ ပ်ိဳးပင္ဘ၀တြင္ အေအးဓာတ္လႊမ္းျခံဳေပးျခင္း ခံရၿပီးျဖစ္သည့္အတြက္   ေျမျပန္႔ေဒသမ်ားတြင္ စိုက္ပ်ိဳးပါကလည္း ပံုမွန္သီးပြင့္မႈ ရရွိေစႏိုင္ပါသည္။ စေတာ္ဘယ္ရီသီးအားလံုး ဆြတ္ခူးၿပီးပါက မိခင္ပင္အားလံုး ကို ေတာင္ေပၚေဒသသို႔ ျပန္လည္ေရြ႕ေျပာင္းစိုက္ပ်ိဳးရန္ လိုအပ္ပါသည္။

၆။ အေစ့မွမ်ိဳးပြားျခင္း

ေကာင္းစြာရင့္မွည့္ၿပီးေသာ စေတာ္ဘယ္ရီသီးမ်ားအား ဆြတ္ခူးၿပီး သင့္ေတာ္ေသာ ပံုးတစ္ခုတြင္ အခ်ဥ္ေဖာက္၍ ေပ်ာ္သည္အထိ ထားရ မည္။ အသီးဖတ္ အက်ိအခၽြဲမ်ားႏွင့္ အေစ့မ်ား သီးျခားစီကြဲျပားခ်ိန္တြင္ ေရျဖင့္ အႀကိမ္ႀကိမ္ေဆး၍ မ်ိဳးေစ့မ်ား ထုတ္ယူရရွိႏိုင္ပါမည္။ မ်ိဳးေစ့မ်ား ေကာင္းမြန္စြာ ေျခာက္ေသြ႔ေအာင္ အခန္းထဲတြင္ ခုနစ္ရက္ခန္႔ထားၿပီးမွ ပ်ိဳးေထာင္ရပါမည္။

ရရွိေသာမ်ိဳးေစ့မ်ားအား ပ်ိဳးေသတၱာတြင္ ပြက္ပြက္ဆူေနေသာ ေရေႏြးျဖင့္ ေလာင္းၿပီး ပိုးသန္႔ထားေသာ ေျမေဆြးမ်ားထည့္၍ လက္မ ၀က္ပတ္လည္အကြက္မ်ား အေရာေပးကာအလယ္တြင္ အေစ့ခ်ပ်ိဳးေထာင္ႏိုင္ပါသည္။ အလြန္ေသးငယ္ေသာ မ်ိဳးေစ့မ်ားျဖစ္၍ အပင္   ေပါက္ခ်ိန္တြင္ မႈိေရာဂါမက်ေရာက္ေစရန္အတြက္ ပိုးသန္႔ထားေသာေရျဖင့္ အစိုဓာတ္လိုအပ္မႈအေပၚမူတည္၍ အနည္းငယ္စီသာ ပက္ဖ်န္းေပးရပါမည္။ အေညွာက္ေပါက္ၿပီး မ်ိဳးသက္ ၄၅-၅၀ ရက္ခန္႔တြင္ ေရြ႕ေျပာင္းစိုက္ပ်ိဳးႏိုင္ပါသည္။

မိုးအကုန္ ေဆာင္းအကူး ေအာက္တိုဘာႏွင့္ ႏို၀င္ဘာလမ်ားတြင္ အပင္သားတက္မ်ား ေျပာင္းေရြ႕စိုက္ပ်ိဳးေလ့ ရွိၿပီး စိုက္ေဘာင္မ်ား   ေပၚတြင္ ပင္ၾကားတန္းၾကား၂×၁ ေပ ထားရွိစိုက္ပ်ိဳးပါက တစ္ဧကလွ်င္ မ်ိဳးပင္ ၁၅၀၀၀ မွ ၂၀၀၀၀ ထိ လိုအပ္ပါသည္။

၇။ ေျမၾသဇာႏႈန္းထား

တစ္ဧကအတြက္

ၾကက္ေခ်း        ၅ တန္

ယူရီးယား        ၂၂၄ ေပါင္

တီစူပါ            ၁၂၂ ေပါင္

ပိုတက္ရွ         ၂၂၄ ေပါင္

ေဘာင္ျပဳျပင္ခ်ိန္တြင္ ၾကက္ေခ်းႏွင့္ တီစူပါ ေျမၾသဇာမ်ား ထည့္သြင္းေပးရမည္။ ယူရီးယားႏွင့္ ပိုတက္ရွိ ဓာတ္ေျမၾသဇာမ်ားကို ဆတူေရာ ၍ ေရြ႕ေျပာင္းစိုက္ၿပီး ႏွစ္ပတ္သားမွ စတင္ကာ ပထမအသီး စတင္ဆြတ္ခူးသည္အထိ အႀကိမ္ႀကိမ္ခြဲ၍ ေကၽြးရန္ျဖစ္ပါသည္။

၈။ ေျမျပဳျပင္

စေတာ္ဘယ္ရီပင္သည္ ေျမတြင္ကပ္၍ ႀကီးထြားေသာအပင္ငယ္မ်ိဳး ျဖစ္သျဖင့္ ေပါင္းျမက္ကင္းစင္ေအာင္ အထူးဂရုတစိုက္ေဆာင္ရြက္ ရန္ လိုအပ္ပါသည္။ ႏြားေခ်း၊ ေျမေဆြးကို အသံုးျပဳပါက ေပါင္းထလြယ္သျဖင့္ မႈန္႔ညက္ေနေအာင္ ျပဳျပင္ထားေသာ စိုက္ေဘာင္မ်ားေပၚ တြင္  ၾကက္ေခ်းခပ္ပါးပါး ျဖဴး၍ စိုက္ပ်ိဳးသင့္ပါသည္။

၉။ စိုက္ပ်ိဳးျခင္း

စေတာ္ဘယ္ရီမ်ိဳး သားတက္မ်ားအား ညေနပိုင္းတြင္ ေရြ႕ေျပာင္းစိုက္ပ်ိဳးရပါမည္။ ေျမတြင္ ကပ္လ်က္ ႀကီးထြားေသာမ်ိဳးျဖစ္၍   ေပါင္းႏုတ္   ေျမဆြျခင္းကို လိုအပ္သလို ေဆာင္ရြက္ရန္ ျဖစ္ပါသည္။ စေတာ္ဘယ္ရီပင္ စိုက္ပ်ိဳးရာတြင္ အျမစ္ဆံု (Crown) မွ အညြန္႔ငယ္အား   ေျမေပၚတြင္ ေကာင္းစြာေပၚေနရန္ အေရးႀကီးပါသည္။ ေျမတြင္ ျမွဳပ္သြားပါက ေရြ႕ေျပာင္းစိုက္ပ်ိဳးစဥ္ အပင္အေသအေပ်ာက္မ်ားတတ္ပါ သည္။ ႏွစ္ခ်င္းထြက္ရွိေသာ မ်ိဳးတက္အသစ္မ်ားကိုသာ သီးသန္႔စိုက္ပ်ိဳးပါက အပင္ပြားထြက္ေပၚျခင္းမရွိဘဲ သီးပြင့္ေနမည္ ျဖစ္ပါသည္။

၁၀။ အပင္ျပဳစုျခင္း

စေတာ္ဘယ္ရီစိုက္ပ်ိဳးရာတြင္ အပင္၊ သားတက္အသစ္မ်ားသာ မဟုတ္ဘဲ ပင္မျဖစ္ဆံုး (Crown) မ်ားပါ ေရာျပြမ္း၍ စိုက္ပ်ိဳးပါက ပင္မ အျမစ္ဆံုမ်ားမွာ သီးပြင့္ျခင္း ႏွင့္ မ်ိဳးတက္ထြက္ရွိျခင္းတို႔ တစ္ၿပိဳင္တည္း ျဖစ္ေပၚလာေလ့ရွိသျဖင့္ အသစ္ထြက္ေသာ အပင္သားတက္မ်ား အား အခ်ိန္ေစာ၍ စိုက္ေဘာင္ေပၚတြင္ အျမစ္စြဲေစရန္ ဂရုတစိုက္ေဆာင္ရြက္ရန္ လိုအပ္ပါသည္။ နန္းႀကိဳးအေသးအား တစ္လက္မခြဲခန္႔ အရွည္မ်ား ျဖတ္ေတာက္ကာ (ဂ) ပံုသ႑န္ေကြး၍ သားတက္အား ကုပ္တြယ္စိုက္ထားေပးရန္လည္း လိုအပ္ပါသည္။

စေတာ္ဘယ္ရီအသီးႏွင့္ ေျမႀကီးထိပါက အသီးပုပ္ရိတတ္ေသာေၾကာင့္ မ်ိဳးပင္ေရြ႕စိုက္ အျမစ္စြဲၿပီးေနာက္ အပင္ပတ္လည္  ေျမႀကီးေပၚ တြင္ ေကာက္ရိုးပံု သို႔မဟုတ္ ျမက္ေျခာက္ခင္းေပးထားရန္ လိုပါသည္။ သို႔မဟုတ္ မစိုက္မီ ပလတ္စတစ္အနက္စမ်ားကို  ေဘာင္မ်ားေပၚ တြင္ ဖံုးအုပ္ေပးၿပီး စိုက္က်င္းေပါက္ေဖာက္၍ စိုက္ႏိုင္ပါသည္။ ပံုသ႑န္မွန္ေသာ အသီးမ်ားရရွိေရးအတြက္ ပန္းပြင့္အား နံနက္ေစာေစာ အခ်ိန္တြင္ စုတ္တံေသးေသးျခင့္ မ်က္ႏွာသစ္ေပးျခင္းကို ေဆာင္ရြက္ႏိုင္ပါသည္။

၁၁။ ဆြတ္ခူးေရာင္းခ်ျခင္း

စေတာ္ဘယ္ရီသီးမ်ားအား ေန႔စဥ္ ဆြတ္ခူးေရာင္းခ်ႏိုင္ေသာ္လည္း ငါးရက္တစ္ႀကိမ္ ဆြတ္ခူးပါက ပိုမိုေကာင္း မြန္ပါသည္။ အသင့္ေတာ္ ဆံုးအေျခအေနမွာ အသီးမ်ား အနီေရာင္မရင့္မီအခ်ိန္တြင္ ခူးဆြတ္ရန္ ျဖစ္ပါသည္။

၁၂။ သီးထြက္ႏႈန္း

တစ္ဧကလွ်င္ သီးထြက္ပိႆာ ၃၀၀၀ မွ ၄၀၀၀ အထိ ရရွိႏိုင္ၿပီး စတင္ခူးဆြတ္ခ်ိန္မွ ရက္ေပါင္း ၆၀ ခန္႔ ပံုမွန္ ခူးယူရရွိႏိုင္ပါသည္။

Source by – လယ္/ဆည္

Unicode

စတော်ဘယ်ရီ စိုက်ပျိုးနည်း

====================

မြန်မာအမည် – စတော်ဘယ်ရီ

အင်္ဂလိပ်အမည် – STRAWBERRY

ရုက္ခဗေဒအမည် – Fragaria virginiana

မျိုးရင်းအမည် – ROSACEAE

၁။ မူရင်းဒေသ

မြောက်အမေရိက။

၂။ မျိုးများ

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသတွင် ပအိုဝ်နီမျိုးကို စိုက်ပျိုးပြီး ပြင်ဦးလွင်မြို့နယ်တွင်မူ စစ်မဖြစ်မီက ရောက်ရှိလာခဲ့သော မျိုးများမှ ပွားများစိုက်ပျိုးလာခဲ့ကြောင်း သိရပါသည်။

အသီးအရောင်အဆင်းမှာ အနီ၊ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီးပုံသဏ္ဍန်မှာ ထုလုံးချွန်ပုံမှ ဘဲဥပုံ အမျိုးမျိုး ရှိကြပါသည်။

၃။ စိုက်ပျိုးသည့်ဒေသ

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပါသည်။ ယခုအခါ တောင်ပေါ်ဒေသမှ ပျိုးပင်များကို ပုပ္ပပါးတောင်ခြေတစ်ဝိုက်တွင် စမ်းသပ်စိုက်ပျိုးအောင်မြင်နေပြီ ဖြစ်ပါသည်။

၄။ ရေမြေရာသီဥတု

သဲနုန်းမြေသည် မြေဆွေးဓာတ်ပါဝင်မှုများသဖြင့် စတော်ဘယ်ရီစိုက်ပျိုးရန် ကောင်းမွန်ပါသည်။ ရှမ်းပြည်နယ်တွင် ခဲမြေတွင် စိုက်ပျိုးလေ့ ရှိပြီး တောင်ပေါ်မြေနီစေးတွင် စိုက်ပျိုးခြင်းထက် အထွက်နှုန်း တစ်ဆခန့် ပိုမိုပါသည်။

အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ အလွန်ခြောက်သွေ့ပူပြင်းက အသီးမတင်ခြင်းနှင့် အသီးပုံသဏ္ဍန် မမှန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အပူချိန် ၃၅ံ စင်တီဂရိတ်ထက် ကျော်လွန်ပါက အပင်သေစေနိုင်ပါသည်။

၅။ အပင်သားတက် (Runner) ရယူခြင်း

စတော်ဘယ်ရီသီးမှ အစေ့ထုတ်ယူ၍ အပင်ဖောက်ကာ မျိုးပွားနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန်အတွက်မူ ပင်မကြီးမှ ထွက်လာသော မြေလျှောက်ပင်စည်များ အဆစ်နားမှ အပင်သားတက် (Runner) များ ထွက်လာရာမှ အမြစ်တွယ်လာပြီးနောက် ၎င်းကို ဖြတ်တောက်မွေးမြူ၍ ရွေ့ပြောင်းစိုက်ပျိုးလေ့ရှိကြပါသည်။ ပျိုးပင်ဘဝတွင် အအေးဓာတ်လွှမ်းခြုံပေးခြင်း ခံရပြီးဖြစ်သည့်အတွက် မြေပြန့်ဒေသများတွင် စိုက်ပျိုးပါကလည်း ပုံမှန်သီးပွင့်မှု ရရှိစေနိုင်ပါသည်။ စတော်ဘယ်ရီသီးအားလုံး ဆွတ်ခူးပြီးပါက မိခင်ပင်အားလုံး ကို တောင်ပေါ်ဒေသသို့ ပြန်လည်ရွေ့ပြောင်းစိုက်ပျိုးရန် လိုအပ်ပါသည်။

၆။ အစေ့မှမျိုးပွားခြင်း

ကောင်းစွာရင့်မှည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ ပျော်သည်အထိ ထားရ မည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ်ဆေး၍ မျိုးစေ့များ ထုတ်ယူရရှိနိုင်ပါမည်။ မျိုးစေ့များ ကောင်းမွန်စွာ ခြောက်သွေ့အောင် အခန်းထဲတွင် ခုနစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရပါမည်။

ရရှိသောမျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူနေသော ရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများထည့်၍ လက်မ ဝက်ပတ်လည်အကွက်များ အရောပေးကာအလယ်တွင် အစေ့ချပျိုးထောင်နိုင်ပါသည်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင် ပေါက်ချိန်တွင် မှိုရောဂါမကျရောက်စေရန်အတွက် ပိုးသန့်ထားသောရေဖြင့် အစိုဓာတ်လိုအပ်မှုအပေါ်မူတည်၍ အနည်းငယ်စီသာ ပက်ဖျန်းပေးရပါမည်။ အညှောက်ပေါက်ပြီး မျိုးသက် ၄၅-၅၀ ရက်ခန့်တွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

မိုးအကုန် ဆောင်းအကူး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အပင်သားတက်များ ပြောင်းရွေ့စိုက်ပျိုးလေ့ ရှိပြီး စိုက်ဘောင်များ ပေါ်တွင် ပင်ကြားတန်းကြား၂×၁ ပေ ထားရှိစိုက်ပျိုးပါက တစ်ဧကလျှင် မျိုးပင် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ လိုအပ်ပါသည်။

၇။ မြေသြဇာနှုန်းထား

တစ်ဧကအတွက်

ကြက်ချေး ၅ တန်

ယူရီးယား ၂၂၄ ပေါင်

တီစူပါ ၁၂၂ ပေါင်

ပိုတက်ရှ ၂၂၄ ပေါင်

ဘောင်ပြုပြင်ချိန်တွင် ကြက်ချေးနှင့် တီစူပါ မြေသြဇာများ ထည့်သွင်းပေးရမည်။ ယူရီးယားနှင့် ပိုတက်ရှိ ဓာတ်မြေသြဇာများကို ဆတူရော ၍ ရွေ့ပြောင်းစိုက်ပြီး နှစ်ပတ်သားမှ စတင်ကာ ပထမအသီး စတင်ဆွတ်ခူးသည်အထိ အကြိမ်ကြိမ်ခွဲ၍ ကျွေးရန်ဖြစ်ပါသည်။

၈။ မြေပြုပြင်

စတော်ဘယ်ရီပင်သည် မြေတွင်ကပ်၍ ကြီးထွားသောအပင်ငယ်မျိုး ဖြစ်သဖြင့် ပေါင်းမြက်ကင်းစင်အောင် အထူးဂရုတစိုက်ဆောင်ရွက် ရန် လိုအပ်ပါသည်။ နွားချေး၊ မြေဆွေးကို အသုံးပြုပါက ပေါင်းထလွယ်သဖြင့် မှုန့်ညက်နေအောင် ပြုပြင်ထားသော စိုက်ဘောင်များပေါ် တွင် ကြက်ချေးခပ်ပါးပါး ဖြူး၍ စိုက်ပျိုးသင့်ပါသည်။

၉။ စိုက်ပျိုးခြင်း

စတော်ဘယ်ရီမျိုး သားတက်များအား ညနေပိုင်းတွင် ရွေ့ပြောင်းစိုက်ပျိုးရပါမည်။ မြေတွင် ကပ်လျက် ကြီးထွားသောမျိုးဖြစ်၍ ပေါင်းနုတ် မြေဆွခြင်းကို လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်ပါသည်။ စတော်ဘယ်ရီပင် စိုက်ပျိုးရာတွင် အမြစ်ဆုံ (Crown) မှ အညွန့်ငယ်အား မြေပေါ်တွင် ကောင်းစွာပေါ်နေရန် အရေးကြီးပါသည်။ မြေတွင် မြှုပ်သွားပါက ရွေ့ပြောင်းစိုက်ပျိုးစဉ် အပင်အသေအပျောက်များတတ်ပါ သည်။ နှစ်ချင်းထွက်ရှိသော မျိုးတက်အသစ်များကိုသာ သီးသန့်စိုက်ပျိုးပါက အပင်ပွားထွက်ပေါ်ခြင်းမရှိဘဲ သီးပွင့်နေမည် ဖြစ်ပါသည်။

၁၀။ အပင်ပြုစုခြင်း

စတော်ဘယ်ရီစိုက်ပျိုးရာတွင် အပင်၊ သားတက်အသစ်များသာ မဟုတ်ဘဲ ပင်မဖြစ်ဆုံး (Crown) များပါ ရောပြွမ်း၍ စိုက်ပျိုးပါက ပင်မ အမြစ်ဆုံများမှာ သီးပွင့်ခြင်း နှင့် မျိုးတက်ထွက်ရှိခြင်းတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေ့ရှိသဖြင့် အသစ်ထွက်သော အပင်သားတက်များ အား အချိန်စော၍ စိုက်ဘောင်ပေါ်တွင် အမြစ်စွဲစေရန် ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်ပါသည်။ နန်းကြိုးအသေးအား တစ်လက်မခွဲခန့် အရှည်များ ဖြတ်တောက်ကာ (ဂ) ပုံသဏ္ဍန်ကွေး၍ သားတက်အား ကုပ်တွယ်စိုက်ထားပေးရန်လည်း လိုအပ်ပါသည်။

စတော်ဘယ်ရီအသီးနှင့် မြေကြီးထိပါက အသီးပုပ်ရိတတ်သောကြောင့် မျိုးပင်ရွေ့စိုက် အမြစ်စွဲပြီးနောက် အပင်ပတ်လည် မြေကြီးပေါ် တွင် ကောက်ရိုးပုံ သို့မဟုတ် မြက်ခြောက်ခင်းပေးထားရန် လိုပါသည်။ သို့မဟုတ် မစိုက်မီ ပလတ်စတစ်အနက်စများကို ဘောင်များပေါ် တွင် ဖုံးအုပ်ပေးပြီး စိုက်ကျင်းပေါက်ဖောက်၍ စိုက်နိုင်ပါသည်။ ပုံသဏ္ဍန်မှန်သော အသီးများရရှိရေးအတွက် ပန်းပွင့်အား နံနက်စောစော အချိန်တွင် စုတ်တံသေးသေးခြင့် မျက်နှာသစ်ပေးခြင်းကို ဆောင်ရွက်နိုင်ပါသည်။

၁၁။ ဆွတ်ခူးရောင်းချခြင်း

စတော်ဘယ်ရီသီးများအား နေ့စဉ် ဆွတ်ခူးရောင်းချနိုင်သော်လည်း ငါးရက်တစ်ကြိမ် ဆွတ်ခူးပါက ပိုမိုကောင်း မွန်ပါသည်။ အသင့်တော် ဆုံးအခြေအနေမှာ အသီးများ အနီရောင်မရင့်မီအချိန်တွင် ခူးဆွတ်ရန် ဖြစ်ပါသည်။

၁၂။ သီးထွက်နှုန်း

တစ်ဧကလျှင် သီးထွက်ပိဿာ ၃၀၀၀ မှ ၄၀၀၀ အထိ ရရှိနိုင်ပြီး စတင်ခူးဆွတ်ချိန်မှ ရက်ပေါင်း ၆၀ ခန့် ပုံမှန် ခူးယူရရှိနိုင်ပါသည်။

Source by – လယ်/ဆည်





Leave a Reply

Your email address will not be published. Required fields are marked *