BREAKING NEWS

မှတ်ပုံတင်လက်မှတ်မရှိသော မြေသြဇာစာရင်း အသိပေးထုတ်ပြန်ထား

 ပြည်တွင်းတွင် ဖြန့်ချိနေသည့်မြေသြဇာများတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အမျိုးအစားများကိုပြည်နယ်အချို့တွင် တွေ့ရှိပြီးသုံးစွဲရန် မသင့်ကြောင်း သတိပေးထုတ်ပြန်ထားကြောင်း မြေသြဇာ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 ထုတ်ပြန်ချက်အရ အသိပေးထားသည့် တံဆိပ်အမျိုးအစားများမှာ ဟာမိုနီပဲမျိုးစုံအထူးရွက် ဖျန်းဆေးA၊ B(N PK:30%)၊ ရှင်းသန့်အမိုင်နို အသီးပွင့် အားဆေးရည်( စံချိန်စံညွှန်းမပါရှိ)ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်လည်းကောင်း၊ ဒို့လယ်သမား(၂) ရွက်ဖျန်းအားဆေးရည် (စံချိန်စံညွှန်းမပါရှိ) ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ Enriched Compost Fertilizeer, Shwe Myay Si Organic Fertilizer Factory Taungoo(2.5)kgm (N:9%,P3,K:2%+ TE) ကို ရန်ကုန်တိုင်းဒေသသကြီး၊   ကော့မှူးမြို့နယ်တွင်လည်းကောင်း၊ Foliar Fertilizer (ယိုးဒယားစာ) aos-3(စံချိန်စံညွှန်းမပါရှိ)ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တွင်လည်းကောင်း၊ တွေ့ရှိရသောဓာတ်မြေသြဇာများသည် မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ ၎င်းအတွက် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှု အာမခံချက်မရှိကြောင်း၊ မြေသြဇာကော်မတီက အသိပေးထုတ်ပြန်ထားသည်။

 မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် မြေသြဇာထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း ဖြန့်ဖြူးရောင်းချခြင်းများကို မြေသြဇာ ထုတ်လုပ်တင်သွင်းသည့်ကုမ္ပဏီ၊ လုပ်ငန်းများ၊ မြေသြဇာရောင်း ချသည့်ဆိုင်များအနေနှင့် လုံးဝမပြုလုပ်ရန်ကြေညာထားပြီး    လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြေသြဇာ ဥပဒေပုပ်မ(၃၁၊၃၂၊၃၃၊၃၄၊၃၅) တို့အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြေသြဇာ ကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

 မြေသြဇာကော်မတီအနေဖြင့် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများ ကို စိုက်ပျိုးလုပ်ကိုင်သူများသုံးစွဲရန် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ မြေသြဇာမှတ်ပုံတင်များ ထုတ်လုပ်ပေးလျက်ပြီးကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့်မြေသြဇာ များသည် စစ်ဆေးဓာတ်ခွဲထား ခြင်းမရှိသည့်အတွက် အရည်အသွေးပိုင်း၊ ထိရောက်မှုပိုင်းတွင် အားနည်းပြီး သီးနှံထွက်ရှိမှုနှုန်း ထိချက်လျော့ကျစေကာ သုံးစွဲသူများအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်စေနိုင်သည့်အတွက် မှတ်ပုံတင်ထားခြင်းမရှိသည့် မြေသြဇာများကို ၀ယ်ယူသုံးစွဲခြင်းမပြုသင့်ကြောင်း သိရသည်။

Source by – The Farmer

 





Leave a Reply

Your email address will not be published. Required fields are marked *