BREAKING NEWS

ဟင်း⁠နု⁠နွယ်စိုက်ပျိုး⁠ခြင်း

အသုံးဝင်ပုံ          – ဗီတာမင်အေနှင့် သံဓာတ်ကြွယ်ဝသောဟင်းရွက်ဖြစ်သည်။ ဟင်းရည်ချက်သောက်ခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်း၊ အမျိုးမျိုးစားသုံးနိုင်ပါသည်။ အပင်ကြီးမြန်၍ စိုက်ပျိုးရန်လွယ်ကူသည်။

ပြင်ဆင်ပုံ           – အလွန်စေးသောမြေ၊ သဲဆန်သောမြေများမှလွဲ၍ကျန်မြေများတွင်စိုက်ပျိုးဖြစ်ထွန်းသည်။စိုက်ဘောင်ကိုအကျယ်(၃)ပေ၊ အမြင့် (၄) လက်မပြုလုပ်သင့်ပြီး အလျားကို လိုအပ်သလောက်ပြုလုပ်သင့်သည်။ မျိုးစေ့များကို နွားချေးဆွေးမှုန့်တို့ဖြင့် ရောပြီး အသင့်ပြင် ထားသင့်သည်။

စိုက်ပျိုးပုံ            – အနံ (၃)ပေ၊ အလျား (၁၀)ပေရှိသော ဘောင်တစ်ခုလျှင် မျိုးစေ့ထမင်းစားဇွန်းတစ်ဇွန်းကို နွာချေး ဆွေးနို့ဆီဘူး (၄)ဘူး       ဖြင့်ရောပြီး ဘောင်ပေါ်တွင် ဖြူးပေးပါ။ ကောက်ရိုးမြက်ခြောက်ပါးပါးအုပ်၍ ရေလောင်းပေးရမည်။ ဘောင်ပေါ်တွင် (၆) လက်မခြား၍ လည်း စိုက်ပျိုးနိုင်ပါသည်။ ထိုသို့စိုက်ပျိုးရာတွင် ဘောင်များပေါ်တွင် ၁/၂လက်မအနက်မြောင်းများပြုလုပ်ပြီး နွားချေးမှုန့်ဖြင့်ရောထားသော မျိုးစေ့များကို စိုက်ပျိုးရသည်။ အတန်းလိုက် အစေ့ချထားသော အပင်များကို ရက် (၂၀×၂၄) ရက်သားရှိပါက ခွဲ၍ အပင်ကြား (၄×၉) လက်မ ထား၍ ရွှေ့စိုက်နိုင်ပါသည်။ (၁) လသားအရွယ်တွင် နုတ်ယူစားသုံးနိုင်သည်။ အပင်မပွင့်မီခူးပါက တစ်ပင်လုံးစားသုံးနိုင်ပြီး အပွင့်ပွင့်ချိန်တွင် ပင်စည်မှာ မာကြော၍ အမျှင်များလာသည်။

မျိုးစေ့ရယူပုံ              – မျိုးစေ့များကို သီးသန့်ဘောင်များတွင် စိုက်ပျိုးထုတ်လုပ်လျှင် မျိုးစေ့များစွာရရှိနိုင်သည်။အပင်အောက်ပိုင်းမှ အပွင့် များ ကိုစတင်ခူး၍ နေလှန်းပြီးအလွန်မာကြောသေးငယ်သော အနက်စေ့များကို အမှိုက်များဖယ်ထုတ်ပြီး ပုလင်းထဲထည့်၍ လေလုံစွာ ပိတ်သိမ်းထားပါ။

နောက်တစ်နည်း – ဟင်းနုနွယ်စိုက်မည့်မြေတွင် တစ်ဧကလျှင် နွားချေးလှည်း (၂၀)စီးချကာ ထယ်တစ်စပ်ထိုးပြီး မြေညက်အောင် ထွန်မွှေ ရမည်။ စိုက်ကြောင်းများကို (၂) ပေခွာဖော်ပြီး (၁)ပေခွာ၍စိုက်ရသည့်။ မျိုးစေ့ကို မြေအနက် (၁)လက်မသာထားရမည်။ (၄×၂၀) ပေ စိုက်ဘောင်များဖြင့်လည်း စိုက်ပျိုးနိုင်သည်။ ဘောင်ပေါ်တွင် တစ်တန်းနှင့် တစ်တန်း (၉) လက်မခြားစိုက်ရမည်။ မစိုက်ပျိုးမီ စိုက်ဘောင် တစ်ခုလျှင် နွားချေးတစ်တင်းနှုန်းခန့်ထည့်ပေးထားသင့်သည်။

Source by- အောင်ဝင်းထွဋ်





Leave a Reply

Your email address will not be published. Required fields are marked *