နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်ပြသမယ့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပြပွဲကြီးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိမန္တလေးတိုင်း ဒေသကြီးမှာ ပထမဆုံးအနေနဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
အဲ့ဒီပြပွဲကို Mandalay Hill Resort Hotel မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း ပြပွဲစီစဉ်သူ ဦးဇာနည်တင်မြင့်က ပြောပါတယ်။
“ပြပွဲမှာ မွေးမြူရေးဆိုင်ရာအစားအစာ၊ ဆေးဝါး၊ ခြံသုံးပစ္စည်းများ၊ မွေးမြူရေးအစာထုတ်လုပ် သိုလှောင်စက်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ၊ ဆန်စက်၊ ဆီစက်ဆိုင်ရာ စက်ပစ္စည်းတွေ၊ မျိုးစေ့နဲ့ မြေဆီ၊ မြေသြဇာတွေကို နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ ပူးပေါင်းပြသသွား မှာ ဖြစ်ပါတယ်။’’
မြန်မာနိုင်ငံမှစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်များ လုပ်ဆောင်နေတဲ့ NGO, INGO တွေမှလည်း သူတို့ဆောင်၇ွက်ချက်တွေကို အဲ့ဒီပြပွဲမှာ စိုက်ပျိုး၊ မွေးမြူသူများသိရှိစေရန် ပြသသွားမှာ ဖြစ်သလို၊ သက်ဆိုင်ရာ ပညာရှင်များမှ ဘာသာရပ်ဆိုင်ရာ ဟောပြောမှုတွေ ပြုလုပ်သွားမှာ လည်း ဖြစ်ပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်များမှ ထုတ်လုပ်တဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး ဆိုင်ရာဆေးဝါးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးသုံးစက်ပစ္စည်းများကိုလည်း အဲ့ဒီပြပွဲမှာ ပြသ၊ ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။ အဲ့ဒီပြပွဲကြီးကို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ အိန္ဒိယ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဇစ်လန်နှင့်အခြားနိုင်ငံများမှလည်း ပူပေါင်းပါဝင်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
#အေးအေးကျော်-Pissaya Info