BREAKING NEWS

ဒူးရင်းသီးစိုက်ပျိုးနည်း

မြေအနေအထား

သဲနုန်းမြေပွ၊ မြေဆီမြေသားကောင်း၍ ရေစီးရေလာကောင်းသော မြေမျိုးကိုအထူးနှစ်သက်သည်။ မြေစေးများတွင် စိုက်ပျိုးလိုပါက             တွင်းများကို၃-ပေအကျယ်၊၃-ပေအနက်မှ၅-ပေအကျယ်၊၅-ပေအနက် ထိတူးဆွ၍ အပေါ်ယံမြေလွှာနှင့်သဲမြေ ၃၀-ရာခိုင်နှုန်း၊မြေဆွး ၃-ရာခိုင်နှုန်းရောစပ်၍စိုက်ပျိုးနိုင်သည်။

ရာသီဥတု

ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။

သက်တမ်း

၆-နှစ်မှ ၇-နှစ်အတွင်း သီးပွင့်၍နှစ်ပေါင်း၃၀-မှ၅၀အထိ ရှင်သန်သည်။

စိုက်ပျိုးရန်ဒေသ

ဒူးရင်းသည် ပူအိုက်စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသဖြစ်သည့် ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းစသော အရပ်ဒေသတို့တွင်ဖြစ်ထွန်းနိုင်သည်။

စိုက်ပျိုးနည်း

ဒူးရင်းကိုအစေ့မှပျိုးထောင်၍စိုက်ပျိုးရသည်။ပျိုးပင်တစ်နှစ်သားအရွယ်သို့ရောက်လျှင်ရွေ့ပြောင်းစိုက် ပျိုးနိုင်သည်။ အစေ့ပျိုး၍ စိုက်ပျိုးသော အပင်ကလေးများသည် သီးပွင့်လာသောအခါ မူလအတိုင်းသီးပွင့် နိုင်မည်ဟုယူဆရန်ခဲယဉ်းလှပေသည်။ အကောင်းဆုံးမှာမျိုးကောင်း  မျိုး သန့်အပင်များမှ ကိုင်းဆက်နည်း ဖြင့် မျိုးကူးစိုက်ပျိုးခြင်းဖြစ်သည်။ ထိုကဲ့သို့မျိုးကူးစိုက်ပျိုးသောအပင်များမှာစောစော သီး၍မျိုးစေ့မှ စိုက် သောအပင်များကဲ့သို့လွန်မင်းစွာမြင့်မားခြင်းလည်းမရှိပေ။ ၎င်းအပင်သည်ငယ်စဉ်အခါ၌နေပူရှိန်ကို တိုက်ရိုက်မခံနိုင်သည့်အတွက် ငှက်ပျော်၊ပဲစင်းငုံ၊ပိန္နဲ၊နာနတ်စသောအပင်များကိုရောနှောစိုက်ပျိုးရပေသည်။ ပထမစိုက်ပျိုးသည့်နှစ်တွင် နွေရာသီ၌ ရေလောင်းပေးရန် အရေးကြီးလေသည်။အမြစ်အုံကောင်း စွာရင့်သန်လာသည်နှင့် ရေလောင်းရန်အရေးကြီးလေသည်။ အမြစ်အုံကောင်းစွာရင့်သန်လာ သည်နှင့်  ရေလောင်းရန်မလိုတော့ချေ။အထူးသဖြင့်စိုက်ပျိုးရန်တွင်းများကိုစနစ်တကျပြုပြင်ခြင်းသည်အပင်၏ ကြီးထွားသန်မှုနှုန်းကို အထူးအားပေးသည့်အတွက် အထူးပြုစုထိန်းသိမ်းရန် သက်သာလေသည်။ တစ်ပင် နှင့်တစ်ပင်စိုက်ပျိုးရမည့် အကွာအဝေးမှာမူ ၂၄x၂၄-ပေမှ ၃၀x၃၀ပေအထိ မြေအနေအထားကြည့်၍ စိုက်ပျိုးရပေမည်။

ပိုးမွှားရောဂါ

၎င်းအပင်မျိုးသည် ပိုးမွှားရောဂါကင်းစင်သော အမျိုးဖြစ်သည်။





Leave a Reply

Your email address will not be published. Required fields are marked *