BREAKING NEWS
ပန်းဂျုံသီး⁠နှံ စိုက်ပျိုးနည်း
ပန်းဂျုံ
စိုက်ပျိုးချိန်
– သြဂုတ်၊ စက်တင်ဘာ
မျိုးစေ့နှုန်း
– ၁.၅ တင်းမှ ၂ တင်း
စိုက်စနစ်
မြေသြဇာနှုန်း
– တစ်ဧကအတွက် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၄း၇း၆) အချိုး ၅၆ ပေါင်ထည့်ပါ။
သက်တမ်း
တရုတ်မျိုး – ၇၅ – ၈၀ ရက်
ဂျပန်မျိုး – ၆၀ – ၇၅ ရက်
ရိတ်သိမ်းခြင်း
အထွက်နှုန်း
အသုံးဝင်ပုံ
အပင်အစိတ်အပိုင်း
Unicode ဖြင့်ဖတ်ရန်
ပန်းဂျုံ
မျိုးရင်း – Polygonaceae
မျိုးစု – Fagopyrum esculentum
စိုက်ပျိုးသည့်ဒေသများ
– တရုတ်၊ ရုရှား၊ ယူကရိန်း၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု ပိုလန်၊ ဂျပန်၊ သြစတေးလျ၊နယူးဇီလန်၊ နီပေါ။
– မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ကုန်းဒေသများ
လက်ရှိစိုက်ပျိုးသည့် မျိုးများ
၁။ တရုတ်မျိုးများ – ပန်းနုရောင်ပွင့်သည်။ ၁ တင်းလျှင် ၁၆-၁၈ ကီလိုဂရမ် ရှိသည်။
၂။ ဂျပန် Boton မျိုး – အဖြူရောင်ပွင့်သည်။
၃။ ဂျပန် Sinano(1) – အဖြူရောင်ပွင့်သည်။ ၁ တင်းလျှင် ၂၀ ကီလိုရှိသည်။
၄။ ဂျပန် Kitawase – အဖြူရောင်ပွင့်သည်။ ၁ တင်းလျှင် ၂၂ ကီလိုရှိသည်။
ကြိုက်နှစ်သက်သည့် ရာသီဥတုမြေအမျိုးအစား
– အေးမြသော ရာသီဥတုရှိသည့် ကုန်းမြင့်ဒေသများ။
– ပင်လယ်ပြင်အထက်အမြင့်ပေ ၅၀၀ မှ ၁၂၀၀
– နေ့ညအပူချိန်ခြားနားချက် ၈ံ – ၁ဝံ C
– သြဂုတ်၊ စက်တင်ဘာစိုက်ရန်သင့်
– မြေညံ့မှာပင်ဖြစ်ထွန်းနိုင်သည်။
– ထယ်ရေးကောင်းရန်လိုအပ်သည်။ အစိုဓါတ် လုံလောက်ရမည်။
စိုက်ပျိုးချိန်
– သြဂုတ်၊ စက်တင်ဘာ
– စိုက်ပျိုးရာသီနှင်းခါးလွတ်ရန်လိုသည်။
မျိုးစေ့နှုန်း
– ၁.၅ တင်းမှ ၂ တင်း
စိုက်စနစ်
– ထယ် ၁ စပ်၊ ထွန် ၁ စပ်ဝင်ပြီး မျိုးစေ့ကြဲ၍ ထွန်၁ စပ်ပြန်ဖုံးပါ။
– အတန်းလိုက် စိုက်နိုင်သည်။
– အများစုမှာ ကြဲပက်စနစ်သုံးသည်။
မြေသြဇာနှုန်း
– တစ်ဧကအတွက် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၄းရး၆) အချိုး ၅၆ ပေါင်ထည့်ပါ။
သက်တမ်း
တရုတ်မျိုး – ၇၅ – ၈၀ ရက်
ဂျပန်မျိုး – ၆၀ – ၇၅ ရက်
ပိုးမွှားရောဂါကာကွယ်ခြင်း
ရွက်ခြောက်ရောဂါနှင့် အမြစ်ပုတ်ရောဂါသာ ဖြစ်တတ်ပါသည်။ Daconil, Topsin ,Rhydomile ဆေးများဖြင့် ကာကွယ်ပါ။
ရိတ်သိမ်းခြင်း
– ပန်းခိုင်မှ အသီး (၇၅%) ခန့် ရင့်မှည့်လာပါက ရိတ်သိမ်းပါ။
– ရိတ်သိမ်းချိန်နောက်ကျပါက အသီးမှ အစေ့ကြွေကျမှုကြောင့် အထွက်နှုန်း လျော့နိုင်ပါသည်။
အထွက်နှုန်း
တစ်ဧကလျှင် ပျှမ်းမျှ ၈-၁၀ တင်းထွက်နိုင်ပါသည်။
အသုံးဝင်ပုံ
အစေ့ – ခေါက်ဆွဲ၊ ကိတ်မုန့်၊ ပဲကော်ရည်၊ ရှာလကာရည်၊ ပေါက်စီ၊ မုန့်ပူတင်း၊ ဆွတ်ပြုတ်၊ယာဂု၊ နို့ထမင်း၊မုန့်ကျွဲသဲများ ပြုလုပ်နိုင်ပါ သည်။
အပင်အစိတ်အပိုင်း
သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *