BREAKING NEWS

တရုတ်ထုတ် ဆင်နိုဗက်ဆေးဝါး ၅၀ ရာခိုင်နှုန်းသာ သက်ရောက်မှုရှိဟု ဘရာဇီးဆို

ဇန်နဝါရီ ၁၄
တရုတ်နိုင်ငံရှိ ဆင်နိုဗက် ဇီဝနည်းပညာကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဘရာဇီးနိုင်ငံတွင်း ပြုလုပ်ခဲ့တဲ့ စမ်းသပ်ကုသမှုအစီအစဉ်အတွင်း ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာ သက်ရောက်မှုရှိနေပြီး ပုံမှန်အားဖြင့် ကာကွယ်ဆေးအဖြစ် သတ်မှတ် အတည်ပြုနိုင်တဲ့ နှုန်းထားအောက် များစွာကျဆင်းနေကြောင်း စီအန်ဘီစီက သတင်းဖော်ပြခဲ့ပါတယ်။
ဘရာဇီးနိုင်ငံဟာ ဆင်နိုဗက်ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုကို ပထမဆုံးပြီးစီးခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုကို နိုင်ငံတော်အဆင့် သတ်မှတ်လုပ်ဆောင်ခဲ့တဲ့ ဘူတန်တန်ဆေးဝါးသုတေသနဌာနဟာဆိုရင် စမ်းသပ်ကုသမှု အစီအစဉ်တွေ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သိပ္ပံပညာရှင်အားလုံးတို့က ပြင်းထန်စွာ ဝေဖန်သမှု ပြုနေကြပါတယ်။
ဘရာဇီးနိုင်ငံတွင်း ဆေးဝါးကုသမှုမှာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်တဲ့ ဆင်နိုဗက်-ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ကုသမှု အစီအစဉ်ဟာ ပုံမှန်မှ ပြင်းထန်အခြေအနေရှိ လူနာများအတွင်း ၇၈ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း ဘူတန်တန်ဆေးဝါးသုတေသနက ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အခုတစ်ပတ် အင်္ဂါနေ့မှာတော့ ကာကွယ်ဆေးရဲ့ သက်ရောက်မှုစွမ်းပကားမှာ ၅၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ထိုးကျခဲ့တာကို တွေ့ရှိခဲ့ရပြီး ယင်းမှာ အင်မတန်ရောဂါလက္ခဏာပြင်းထန်ပြီး ဆေးဝါးကုသမှုအစီအစဉ် ပေးရန် မလိုအပ်တဲ့ လူနာများကြောင့်ဖြစ်ကြောင်း သုတေသနအဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
နှိုင်းယှဉ်ဖော်ပြရမယ်ဆိုရင် ပီဖစ်ဇာ-ဆေးဝါးနည်းပညာ နဲ့ မိုဒါနာ ဆေးဝါးတွေဟာ နောက်ဆုံးအဆင့် စမ်းသပ်ကုသမှုမှာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှုတွေ ရှိနေပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေအတွက် အနောက်နိုင်ငံများမှ ဆေးဝါးများကို မှာယူသုံးစွဲနိုင်မှုရှိနေပေမယ့် ဘရာဇီးနဲ့တစ်ကွ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက်ကတော့ တရုတ်ထုတ် ဆင်နိုဗက်ကိုသာ အားကိုးအားထားပြုနေရဦးမှာ ဖြစ်ပါတယ်။
MRML / Ref:CNBC
Photo: Wang Zhao | AFP | Getty Images





Leave a Reply

Your email address will not be published. Required fields are marked *