BREAKING NEWS

ဆောက်လုပ်ဆဲတိုက်မှ ကျောက်ထုပ်တိုင်တစ်တိုင် လမ်းမထက် ဖြတ်သွားသူပေါ်ကို ပြုတ်ကျမှုဖြစ်ပွား

ဒီဇင်ဘာ ၁၈

အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဘာရတ်ပါမြို့ရှိ လူစည်ကားရာ ဈေးတစ်ခုအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဆောက်လုပ်ဆဲ တိုင်တစ်ဆဲ ပုံသွင်းလောင်းတိုင်တစ်တိုင်မှာ လမ်းမထက်ကို ပြိုကျတဲ့အတွက် ဖြတ်သန်းဖြတ်လာ လူတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

အဆိုပါဖြစ်ရပ်မှာ ဘာရတ်ပါမြို့၊ ဆာရာဖာဈေးအတွင်း ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသွားတဲ့ အမျိုးသားနဲ့အတူ လိုက်ပါလာတဲ့ မိတ်ဆွေတစ်ဦးမှာတော့ ပွတ်ခါသီခါ လွတ်မြောက်သွားကြောင်း အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ တွေ့မြင်ရပါတယ်။

“အဲ့ဒီမှာ ဈေးဆိုင်တစ်ဆိုင် ပြင်နေတာ။ တတိယထပ်ကနေ အုတ်တိုင်တစ်တိုင် ပြုတ်ကျလာတာ။ လူတစ်ယောက်တော့ ထိသွားတယ်၊ ဒဏ်ရာတောတော်ပြင်းလို့ ဆေးရုံပို့ထားရတယ်။ ကျနော်တို့ ဆိုင်ပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေဆဲပါပဲ” လို့ ဒေသခံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ Ramkishan Yadav က ANI သတင်းဌာနသို့ ပြောဆိုထားပါတယ်။

MRML / Ref:ndtv / Photo:ANI





Leave a Reply

Your email address will not be published. Required fields are marked *