BREAKING NEWS

ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သူ မြန်မာနိုင်ငံသား ၂၅ ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၁၄
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဖြတ်ကျော် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား (၂၅) ဦးကို နယ်စပ်ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ည ၁၁ နာရီအချိန်ခန့်က ကန်ချနဘူရီခရိုင်၊ မီ(င်) နယ်မြေ၊ ဘန်းကောင်ရပ်ကွက်၊ အုပ်စု ၁၂ အတွင်းမှာ ကျား (၁၄) ဦး မ (၁၁) ဦးပါဝင်တဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ အဖွဲ့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ Channel 8 သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖမ်းဆီးရမိသူများရဲ့ ပြောကြားချက်အရ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ တစ်ဦးလျှင် ဘတ် (၉,၀၀၀) အား ပွဲစားဖြစ်သူကို ပေးခဲ့ရကြောင်း အလုပ်သမားဟစ်တိုင်က သတင်းဖော်ပြထားပါတယ်။
MRML / Ref:Labourhittai / Photo:CH8





Leave a Reply

Your email address will not be published. Required fields are marked *