BREAKING NEWS

သင်္ဃန်းကျွန်းမြို့နယ် တိုက်ခန်းတစ်ခုအတွင်း လည်ပင်းနှင့် လက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးသူ (၂) ဦးတွေ့ရှိ

ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်အတွင်းရှိ တိုက်ခန်းတစ်ခုအတွင်း အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို လည်ပင်းနဲ့ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျှက် တွေ့ရှိကြောင်း သိရပါတယ်။
အဆိုပါ အခင်းဖြစ်ပွားရာ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် (၆) လမ်း၊ အပိုင်း (၃) ၊ အမှတ် (၄၀၅) ပထမထပ်မှာ ယနေ့ နေ့လယ် (၃) နာရီက လူသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေဟာ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာမှ ယခုလို သေဆုံးလျှက် တွေ့ရှိတာ ဖြစ်ကြောင်း MOI က သတင်းဖော်ပြထားပါတယ်။
သေဆုံးသူ နှစ်ဦးမှာ ယင်းတိုက်ခန်းမှာ အတူနေထိုင်တဲ့ အသက် (၃၂) နှစ်အရွယ် နိုင်လင်းမောင်နှင့် အသက် (၂၄) နှစ်အရွယ် စန္ဒာထွေးတို့ ဖြစ်ပါတယ်။ အမျိုးသားမှာ လည်ပင်းပြတ်ရှ ဒဏ်ရာ (၁) ချက်၊ ဝဲဘက် လက်ကောင်ဝတ် ပြတ်ရှဒဏ်ရာ (၄) ချက်နှင့် သေဆုံးနေခြင်း ဖြစ်ပြီး အမျိုးသမီးဖြစ်သူကတော့ လည်ပင်းပြတ်ရှ ဒဏ်ရာ (၁) ချက်ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရပါတယ်။
ရန်နောင် / Photo:MOI





Leave a Reply

Your email address will not be published. Required fields are marked *