BREAKING NEWS

ပြည်ပသို့ တင်ပို့နိုင်ခြင်း နည်းပါးနေသောကြောင့် မတ်ပဲဈေးနှုန်း ကျဆင်းနေ

ဒီဇင်ဘာ ၁၇
အိန္ဒိယနိုင်ငံတွင် မတ်ပဲအသစ် အဝင်များကာ မတ်ပဲခွဲခြမ်း အဝယ်နည်းလာခြင်း၊ ဝယ်ယူမှုများရှိသော်လည်း တင်ပို့ရန် ကွန်တိန်နာငှားရမ်း ခဈေးနှုန်းမြင့်တက်ခြင်း စသော အကြောင်းရင်းများ ပြည်တွင်းဈေးကွက်တွင် ပဲခွဲခြမ်းစက်ရုံများမှ ဝယ်ယူမှုနည်းနေပြီး မတ်ပဲဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။
“ပဲခွဲခြမ်းက ပြည်ပကို ပို့နိုင်မှ အဝယ်များပြီး ကြိတ်ခွဲနိုင်တာ ပါ။ ပဲခွဲစက်တွေကလည်း များများမပို့နိုင်တာရယ် ဈေးနှုန်း ကျဆင်းနေတာရယ်ကြောင့် ဈေးကွက်က လောလောဆယ် အလှုပ်မရှိဘူး” ဟု မန္တလေးမြို့ရှိ ပဲခွဲစက်ပိုင်ရှင် ဦးညိုကြီးက AMIA သို့ ပြောဆိုထားပါတယ်။
လက်ရှိဈေးကွက်အတွင်း မတ်ပဲ တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၆၀) မှ (၇၈၀) ကြားရှိနေပြီး အခွံချွတ်အလုံးခြမ်း တစ်တန်လျှင် ကန်ဒေါ်လာ (၁,၁၉၀) မှ (၁,၁၂၅) ကြားနှင့် အခွံပါအခြမ်း တစ်တန်လျှင် ကန်ဒေါ်လာ (၉၆၀) မှ (၉၈၅) ကြား အသီးသီး ဈေးရှိနေကြောင်း သိရှိရပါသည်။
Ref:AMIA / Photo:





Leave a Reply

Your email address will not be published. Required fields are marked *