ဒီဇင်ဘာ ၁၇
အိုမန်နိုင်ငံဟာ နိုင်ငံအတွင်း ဝင်ရောက်လိုတဲ့ ခရီးသွားဧည့်သည်တွေအတွက် ဗီဇာလျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြေလျော့ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဒီအတွက် ယူအက်စ်၊ ယူကေ၊ ဥရောပသမဂ္ဂဝင်နိုင်ငံတွေနဲ့ ဩစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ ခရီးသွားများဟာ အိုမန်နိုင်ငံအတွင်းမှာ ဟိုတယ်အခန်းကြိုတင်ယူထားခြင်း၊ ကျန်းမာရေအာမခံထားရှိခြင်းနဲ့ တိုင်းပြည်အတွင်းမှ ပြန်လည်ထွက်ခွာဖို့ အပြန်လက်မှတ်ရှိခြင်း စတဲ့အချက်အလက်များ ပြည့်စုံရင် အိုမန်နိုင်ငံအတွင်း (၁၀) ရက်ကြာ နေထိုင်ခွင့် ဗီဇာရရှိမှာ ဖြစ်ပါတယ်။
ယခင်ကတော့ အိုမန်နိုင်ငံအတွင်း ဝင်ရောက်လိုပါက အွန်လိုင်းမှတစ်ဆင့် ဗီဇာလျှောက်ထားဖို့ လိုအပ်ခဲ့ပြီး (၁၀) ရက်ဗီဇာအတွက် အမေရိကန်ဒေါ်လာ (၁၃) ဒေါ်လာနဲ့ ရက် (၃၀) ဗီဇာအတွက် အမေရိကန်ဒေါ်လာ (၅၂) ဒေါ်လာ ကျသင့်ခဲ့တာ ဖြစ်ပါတယ်။
အိုမန်နိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပြည်တွင်းနေ နိုင်ငံသားနဲ့ ဧည့်နိုင်ငံသားတွေအတွက် နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာတော့ (၈) လတာကန့်သတ်ထားတဲ့ ခရီးသွားဗီဇာကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရေနံလုပ်ငန်းမရှိတဲ့ အိုမန်မြို့ဟာ ပြည်ပခရီးသွားလုပ်ငန်းက ကောင်းမွန်တဲ့ နိုင်ငံဝင်ငွေဖြစ်တဲ့အတွက် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေကလည်း ယခုလို ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာနိုင်မှာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြပါတယ်။
ယခုလို ကပ်ရောဂါတွေ မစတင်ခင်ကတည်းက အိုမန်ဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းစွာ ချိတ်ဆက်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒူးဘိုင်းနိုင်ငံနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဘတ်စ်ကားလမ်းကြောင်းကို စတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကတည်းက အွန်လိုင်းဗီဇာ စနစ်ကိုလည်း စတင်လုပ်ဆောင်ခဲ့ပါသေးတယ်။ ယခုအချိန်မှာတော့ ပိုမိုကောင်းမွန်တဲ့ ဗီဇာစနစ်သစ်တစ်ခု လုပ်ဆောင်နိုင်ပြီလို့ပဲ ဆိုရမှာပါ။
အိုမန်နိုင်ငံက ကိုရိုနာဗိုင်းရပ်ပိုး စတင်ချိန်ကတည်းက ကူးစက်လူနာ (၁၂၇,၀၀၀) အထိ ရှာတွေ့ခဲ့ပြီးတော့ ယခုအချိန်မှာတော့ ပိုးတွေ့လူနာအသစ် နည်းပါးတဲ့ အချိန်ကို ရောက်ရှိလို့ နေပါပြီ။ ဒါပေမယ့် ကူးစက်ရောဂါပိုး ပြန့်ပွားခြင်းမှ ကာကွယ်ဖို့ရာအတွက် ဆိုက်ရောက်ခရီးသွားတွေဟာ တစ်ကြိမ်လျှင် (၆၅) ဒေါ်လာကျသင့်မယ့် PCR ဆေးစစ်မှုကို မိမိပိုက်ဆံဖြင့် (၂) ကြိမ်တိုင် စစ်ဆေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကန့်သတ်အဆောက်အဦအတွင်း တစ်ပတ်ကြာ နေထိုင်ဖို့လည်း လိုအပ်ဦးမှာဖြစ်သလို ခရီးသွားရဲ့ အသက်အာမခံဟာ တိုင်းပြည်အတွင်း ရက်ပေါင်း (၃၀) ကြာ ဆေးကုသခံဖို့အတွက် လုံလောက်တဲ့ ပမာဏရှိရမှာ ဖြစ်ကြောင်းလည်း အိုမန်ရဲ့ ဗီဇာလျှောက်ထားမှု ထုတ်ပြန်ချက်အသစ်မှာ ပါဝင်နေပါတယ်။
MRML
Photo: Kertu,Mahmoud Ghazal / Shutterstock
သင်္ဃန်းကျွန်းမြို့နယ် တိုက်ခန်းတစ်ခုအတွင်း လည်ပင်းနှင့် လက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးသူ (၂) ဦးတွေ့ရှိအင်ဒိုနီးရှားတွင် တရုတ်ပိုင် အင်အားကြီးသတ္ထုလုပ်ငန်းခွင် တစ်ခုအတွင်း ဆန္ဒပြမှုများမှတစ်ဆင့် ဖျက်ဆီးမီးရှို့မှုများတိုင် ဖြစ်ပွား