ဒီဇင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ၊ စူလဝေစီကျွန်းရှိ တရုတ်ပိုင် သတ္ထုလုပ်ငန်းခွင်တစ်ခုမှာ ယခုတစ်ပတ် တနင်္လာနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြုတောင်းဆိုနေတဲ့ အလုပ်သမား (၈၀၀) ဝန်းကျင်ကို အုပ်ချုပ်ရေးပိုင်းက ညှိနှိုင်းဆွေးနွေးမှု မပြုလုပ်တဲ့အတွက် အကြမ်းဖက်ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ စူလဝေစီအုပ်ချုပ်မှုခရိုင် အရှေ့တောင်ပိုင်း၊ ကိုနဝီဒေသမှာရှိတဲ့ PT Virtue Dragon Nickel Industry (VNDI) နီကယ်သတ္ထုကျိုလုပ်ငန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ရာ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်တပ်သား (၆၀၀) ဝန်းကျင်က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း scmp က သတင်းဖော်ပြထားပါတယ်။ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုများအရ အဆောက်အဦးနဲ့ ကုန်တင်ကားကြီးတွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်နေတာကို တွေ့ရှိပါတယ်။
“အခုလို ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ ကိုနဝီအလုပ်သမား အခွင့်အရေးကာကွယ်ရေးသမဂ္ဂက ဒီမှာ သုံးနှစ်ကျော် လုပ်လာတဲ့ လုပ်သားတွေကို အမြဲတမ်းလုပ်သား ဖြစ်စေချင်တယ်၊ ပြီးတော့ လခတိုးမြှင့်ပေးစေချင်တယ်။ ဒီအချက်တွေတောင်းဆိုတာမှာ ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းက လက်ခံမတွေ့ဆုံခဲ့ဘူး။ ဒီတော့ ဆန္ဒပြမှုကနေ ပရမ်းပတာတိုက်ခိုက်တဲ့ထိ ရောက်ကုန်တာပဲ” လို့ စူလဝေစီ အရှေ့တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာရီ ဝါလင်တွတ်ခန်က ဆိုပါတယ်။
MRML / Photo: SCMP
နိုင်ငံပေါင်း ၁၀၀ ကျော်မှ ခရီးသွာများ အိုမန်နိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ပြီအိန္ဒိယဘုရားကျောင်းတစ်ခုအတွင်း ရှေးဟောင်းရွှေများ ရှာဖွေတွေ့ရှိ