ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ လုပ်ကွက်ဟောင်းတစ်ခုအတွင်း ဒီကနေ့မနက်ပိုင်းက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေသူ (၃) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ၊ စပေါ့ကျေးရွာအနီး မြန်မာသူရ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ယနေ့ မနက် (၃) နာရီဝန်းကျင်က မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မြေပြိုကျမှု ဖြစ်စဉ်မှု အမြင့်ပေ (၁၅၀) ခန့်က အကျယ်ပေ (၂၀) ခန့်ရှိတဲ့ မြေပြိုကျမှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ဆိပ်မူနယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရပါတယ်။
အဆိုပါဖြစ်စဉ်မှ သေဆုံးသူ (၃) ဦးကို တာဝန်ရှိသူများက စစ်ဆေးပြီး ဒီကနေ့ မနက် (၉) နာရီခွဲက ဆေးရုံပို့ထားကြောင်း ဆိပ်မူကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတူးမိုင်က MOI သို့ ပြောဆိုထားပါတယ်။ “မြေပြိုမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ နှစ်ဦးကိုတော့ ချက်ချင်းပဲ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့လိုက်ပါတယ်၊ တစ်ဦးကတော့ ယာဘက်ခြေထောက် ကျိုးသွားတယ်၊ နောက်တစ်ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာပါပဲ” လို့ ၎င်းက ပြောဆိုပါတယ်။
ရန်နောင် / Photo:MOI
အိန္ဒိယဘုရားကျောင်းတစ်ခုအတွင်း ရှေးဟောင်းရွှေများ ရှာဖွေတွေ့ရှိမတ္တရာဒေသမှ ပေါ်ဦးထွက် ပဲလွန်းဖြူသစ် အဖွင့်ဈေးနှုန်းကောင်းမွန်စွာရရှိ