BREAKING NEWS

မကွေးဆောင်းမြေပဲ ပေါ်ဦးစ ဈေးကွက်တည်ငြိမ်နေ

ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီးအတွင်း ဆောင်းမြေပဲပေါ်ချိန်ကာလမှာ ဈေးနှုန်းအတက်အကျ သိပ်မရှိဘဲ အရောင်းအဝယ် တည်ငြိမ်လျက်ရှိနေကြာင်း တိုင်းဒေသကြီး ကုန်သည်စက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အထွက်နှုန်းအနေဖြင့် ယမန်နှစ်ထက် အနည်းငယ်လျော့ပေမယ့် တရုတ်ဝယ်လိုအားကောင်းနေတဲ့အတွက် ဈေးကွက်တည်ငြိမ်နေကြောင်း မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီက MOI သို့ပြောဆိုထားပါတယ်။
ဈေးနှုန်းအနေဖြင့် မြေပဲဆံအနီ တစ်ပိဿာလျှင် ငွေကျပ် (၃,၀၀၀) မှ (၃,၁၅၀) ကြား ရရှိနေပြီး ပဲဆံအဖြူ တစ်ပိဿာလျှင် ငွေကျပ် (၂,၇၀၀) မှ (၂,၈၅၀) ကြား ရရှိကာ ဈေးနှုန်းအတက်အကျ တည်ငြိမ်နေကြောင်း ၎င်းက ဆိုပါတယ်။
Photo:commerce





Leave a Reply

Your email address will not be published. Required fields are marked *