BREAKING NEWS

စစ်ကိုင်းဒေသထွက်နှမ်း အထွက်နှုန်းနည်းပြီး အဖွင့်ဈေးနှုန်းကျဆင်းတဲ့အတွက် တောင်သူအမြတ်နည်း

နိုဝင်ဘာ ၂
စစ်ကိုင်းမြို့နယ်တွင်း ဒေသထွက်နှမ်းပွင့်သိမ်းချိန်၌ မိုးမရရှိသောကြောင့် အထွက်နှုန်းနည်းပါးခဲ့သလို အဖွင့်ဈေးနှုန်းမှာလည်း ကျဆင်းနေသည့်အတွက် တောင်သူများ အကျိုးအမြတ် အနည်းငယ်သာ ရရှိကြောင်း သိရသည်။
ယမန်နှစ်က နှမ်းအနက်တစ်တင်းကို ခြောက်သောင်းကျပ်မှစ၍ သန့်စင်မှုအပေါ် မူတည်ကာ ဈေးနှုန်းပေးခဲ့သော်လည်း ယခုနှစ်တွင်မူ ကနဦးအဖွင့်ဈေးမှာ နှမ်းအနက်တစ်တင်းကို ငါးသောင်းကျပ် အထက်နှင့် နှမ်းဖြူတစ်တင်းဈေးမှာ လေးသောင်းကျပ်အထက်သာ ရရှိကြောင်း ကုန်အဝယ်ဒိုင်သို့ နှမ်းလာရောင်းသူ တောင်သူတစ်ဦးက MOI သို့ပြောသည်။
“ယခုရက်ပိုင်းတော့ ဈေးနှုန်းမြင့်တက်လာတယ်၊ ဒါပေမယ့် အဖွင့်သိမ်းမိုး နောက်ကျတော့ အထွက်နည်းတယ်။ အကျိုးအမြတ်နည်းတယ်” ဟု စာရေးကျေးရွာ (နောက်) မှ တောင်သူ ဦးမြင့်ထွန်းက ဆိုသည်။
စစ်ကိုင်းမြို့နယ်အတွင်း နှမ်းဖြူနှင့် နှမ်းအနက် (၂) မျိုး စိုက်ပျိုးသည့်အနက် နှမ်းအနက်မှာ ဈေးပိုရရှိသောကြောင့် ပိုမိုစိုက်ပျိုးလေ့ရှိသည်။ ယခုနှစ် အပွင့်သိမ်းရာသီတွင် မိုးရွာသွန်းမှု (၁၅) ရက်ဝန်းကျင်ခန့် နောက်ကျခဲ့သောကြောင့် တောင်သူများမှာ နှမ်းအထွက်နှုန်း နည်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
Ref:MOI / Photo:MOI





Leave a Reply

Your email address will not be published. Required fields are marked *