BREAKING NEWS

ဝက်လက်မြို့နယ် စပါးခင်းများအတွင်း ဖြုတ်ကောင်များကျသဖြင့် အထွက်နှုန်းထိခိုက်မည်ကို တောင်သူများ စိုးရိမ်

နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း စပါးခင်းအချို့တွင် ဖြုတ်ကောင်များကျရောက်နေသဖြင့် ယမန်နှစ်သကဲ့သို့ စပါးအထွက်နှုန်းထိခိုက်မည်ကို တောင်သူများ စိုးရိမ်နေကြကြောင်း ကြားသိရသည်။
ယခုလို ဖြုတ်ကောင်များ ကျရောက်ခြင်းနှင့် ပတ်သက်၍ ဝက်လက်မြို့နယ်၊ ရေထွက်ရွာမှ ဒေသခံတောင်သူ ဦးလှဝင်းဆွေက “ကျွန်တော်တို့ဘက်က စပါးခင်းတွေထဲကို ဒီဖြုတ်ကောင်တွေ မနှစ်ကစပြီး ရောက်လာတာပါ။ ရွာမှာ မနှစ်က ဖြုတ်စိမ်းတွေ၊ ဖြုတ်ညိုတွေ ကျတော့ စပါးတွေ မရောင်းရဘူး” ဟု MOI သို့ပြောသည်။
အဆိုပါ ဖြုတ်ကောင်များ ကျရောက်ပါက စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်လျှင် ကွင်းဆင်းစစ်ဆေးပြီး လုံးဝပျက်စီးသွားသော စပါးခင်းများအား ထောက်ပံ့ငွေ ပေးအပ်ကြောင်းလည်း သိရသည်။
“လုံးဝမနိုင်တဲ့အခင်းတွေကို ကျပ်တစ်သောင်း အစိုးရက ပေးပါတယ်။ ဒါကလည်း အခင်းတိုင်းကို ပေးတာမဟုတ်ပါဘူး။ အခင်းတိုင်း ဖြုတ်ပိုးကျတာကို ခံခဲ့ရပေမယ့် အခင်းတိုင်းတော့ ထောက်ပံ့ကြေး မရကြပါဘူး။ ဦးစီးက လာကြည့်ပြီးတော့ တံစဉ်နဲ့ လုံးဝရိတ်မရနိုင်တဲ့ အခင်းမျိုးကိုမှ သေချာစိစစ်ပြီးမှ ပေးတာပါ။ ငွေတစ်သောင်းက အလွန်နည်းပါတယ်” ဟု ၎င်းက ပြောသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *