BREAKING NEWS

ဩစတြေးလျတွင် စိုက်ခင်းများအတွင်း ကျိုင်းကောင်များ အစုပြုံလိုက်ကျဆင်း

နိုဝင်ဘာ ၂၀
ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် အနောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ကျိုင်းကောင်များ အုပ်စုဖွဲ့ကျရောက်နေတဲ့အတွက် ဒေသခံစိုက်ခင်းများစွာ ပျက်စီးနေသလို မော်တော်ယာဉ်များ မောင်းနှင်ရာမှာလည်း ကြီးစွာ အနှောက်အယှက်ပေးနေကြောင်း သိရပါတယ်။
ယခုကျဆင်းတဲ့ ကျိုင်းကောင်းများမှာ ပုလိပ်ကျိုင်းကောင်များဖြစ်ကြပြီး ပုံမှန်အားဖြင့် ကွင်းစလန်မှာသာ တွေ့ရှိရတတ်ပေမယ့် ဗစ်တိုးရီးယားပြည်နယ်အတွင်း နွေဦးမိုးများစွာ ရွာသွန်းပြီးနောက် သားဆက်ပွားဖို့အတွက် အုပ်စုလိုက် ကျဆင်းလာခြင်း ဖြစ်ကြောင်း ဒေသခံ စိုက်ပျိုးရေးသမားတွေက ပြောဆိုနေကြပါတယ်။
“ကျိုင်းကောင်တွေက အသားနဲ့ ကျန်းမာသန်စွမ်းတဲ့ အပင်တွေကို ကိုက်ဖြတ်ပါတယ်။ အခုလို အုံလိုက်ကျင်းလိုက် ကျတဲ့အတွက် စားကျက်မြေ၊ စိုက်ခင်းမြေ၊ ဥယျာဉ်ခြံမြေ၊ ပန်းခြံနဲ့ ကစားကွင်းတွေကို များစွာ ပျက်စီးစေပါလိမ့်မယ်” လို့ ဗစ်တိုးရီးယားပြည်နယ် ပုလိပ်ကျိုင်းကောင် တိုက်ဖျက်ရေးအဖွဲ့ဝင် ဒေါက်တာ ကိုင်လာ ဖင်လေက ပြောဆိုပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ဟာ ယခုနှစ်အစောပိုင်းက တောမီးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြန်လည်နလန်မထူနိုင်သေးခင်မှာ ကိုရိုနာဗိုင်းရပ်ပိုးရဲ့ နှိပ်စက်မှုကို ထပ်မံခံစားနေရဆဲဖြစ်ပါတယ်။ ယခုတော့ ကျိုင်းကောင်တွေ ထပ်မံကျရောက်တဲ့အတွက် ကောက်ပဲသီးနှံများစွာ ပျက်စီးမယ့်အရေးကိုပါ ထပ်မံရင်ဆိုင်နေရပြန်ပြီ ဖြစ်ပါတယ်။
MRML / Ref: DailyMail
Photo: Department of Primary Industries (example of locust swarm)





Leave a Reply

Your email address will not be published. Required fields are marked *