BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီး မူးသာကျေးရွာရှိ ကျွဲ နွားများ အရေပြားအကျိတ်နာရောဂါဖြစ်ပွား

နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများရှိ တောင်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၂၀) ကျော်မှာ အရေပြားအကျိတ်ရောဂါ (Lumpy Skin Disease) ဖြစ်ပွားနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ယခုဖြစ်ပွားနေသော ကျွဲ၊ နွားများ အရေပြား အကျိတ်နာရောဂါ (Lumpy Skin Disease)မှာ ယင်ကိုက်ခြင်း၊ မွှား မျိုးစိတ်ထဲမှ မွှားအထီးများ ကိုက်ခြင်းမှ တစ်ဆင့်ဖြစ်ကြောင်း၊ ရောဂါပိုးနှင့်ထိတွေ့ထားသော အစာ၊ ရေ၊ ဆေးထိုးအပ်နှင့် ရောဂါဖြစ်ပွားသော တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်နိုင်ကြောင်း သိရသည်။
ရောဂါဖြစ်ပွားသည့် တိရစ္ဆာန်နှင့် သီးခြားခွဲထားခြင်း၊ ကျွဲ၊ နွားများထားရှိသည့် ခြံ၊ အိမ်၊ အခင်းတို့တွင် ပိုးသတ်ဆေး ဖြန်းခြင်း၊ ယင်ကိုက်ခြင်း၊ မွှားကိုက်ခြင်း မဖြစ်စေရန် ခြင်မီးဖိုခြင်း၊ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်ထားပြီး ကြိုတင်ကာကွယ်နိုင်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာကျော်သက်လွင်ဦးက ပြောသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *