BREAKING NEWS

ရိုးရာခေါင်ရည် အဓိကထုတ်လုပ်သည့် ဆပ်နီကို ဟားခါးတွင်စမ်းသပ်စိုက်ပျိုး

နိုဝင်ဘာ ၁၁
ရိုးရာခေါင်ရည်အဖြစ် အဓိကထုတ်လုပ်ပြီး ဆန်၊ စပါးထက် အဟာရဓာတ်ပိုမို မြင့်မားတဲ့ ဆပ်နီကို ချင်းပြည်နယ်တောင်ပိုင်း ဟားခါးမြို့မှ ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးခဲ့ရာ ရေမြေ၊ ရာသီဥတုနဲ့ ကိုက်ညီအောင်မြင်မှု ရှိတယ်လို့ သိရပါတယ်။
ဆပ်နီကို ဗီတာမင်ပေါကြွယ်မှုကြောင့် တရုတ်နိုင်ငံမှ ဝယ်ယူလေ့ရှိသလို ရိုးရာခေါင်ရည်နှင့် ဝိုင်ချက်ပြီး ဈေးကွက်မှာရောင်းချနိုင်ကြောင်းကိုလည်း ဟားခါးမြို့တွင် ဆပ်နီစတင်စိုက်ပျိုးခဲ့သည့် တောင်သူ ဦးရွန်ကျုံးနုံက ဆိုသည်။
“ဒီဆပ်နီကို ပထမဆုံးစမ်းသပ်ပြီး ၃ဧကလောက် မျိုးစေ့ တစ်ဗူးခွဲလောက်ပဲ စိုက်ပျိုးပါတယ်၊ ဟားခါးမှာတော့ ပထမဆုံးအကြိမ်ပါ၊ မေလမှာ စစိုက်ပါတယ်၊ တစ်ခါစိုက်ရင် သုံးကြိမ်အထိ ပေါင်းသင်ပေးရပါတယ်၊ တော်တော်အောင်မြင်ပါတယ်၊ ဒီထက်ပိုမို တိုးချဲ့စိုက်ပျိုးသွားဖို့ရှိပါတယ်၊ ဟားခါးက တောင်သူတွေစိုက်ပျိုးဖို့အားပေးပါတယ်၊ ဟားခါးရာသီဥတု၊ ရေမြေနှင့် ကိုက်ညီမှု ရှိတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဆပ်နီကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် အဓိကစိုက်ပျိုးလေ့ရှိပြီး နွေကုန်မိုးဦးကာလဖြစ်သည့် မေလတွင် စတင်စိုက်ပျိုးလေ့ရှိသလို ဆောင်းတွင်းကာလတွင် ရိတ်သိမ်းလေ့ရှိသည်။ ဆပ်နီရို ရိုးရာခေါင်ရည်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသလို ဆပ်နီကောက်ရိုးများကိုလည်း ရိုးရာပြာရည်ပြုလုပ်ပြီး ရိုးရာပြာဟင်းများ ချက်ပြုတ်ရာတွင် အသုံးပြုကြသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *