BREAKING NEWS

တန့်ဆည်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါပိုး ကူးစက်နေသည်ကို တွေ့ရှိ

နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားနေကြောင်း သတင်းရရှိသောကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာတွင် မွေးမြူထားသည့် နာမကျန်းဝက် (၂) ကောင်၏ ဓာတ်ခွဲနမူနာပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားဗိုင်းရပ်စ်ရောဂါပိုး မျိုးဗီဇတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့တွေ့ရှိမှုကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ နိုဝင်ဘာ ၇ ရက်နေ့ကတည်းက သတင်းပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အတွက် ရောဂါကျရောက်ဖြစ်ပွားမှု မရှိသေးသော ဒေသများသို့ပါ ရောဂါကူးစက်ပျံ့နှံ့စေခြင်းမရှိစေရေးအတွက် အချက် (၁၃) ချက်ပါ လိုက်နာဆောင်ရွက်သင့်သည်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယခုလို ထုတ်ပြန်ထားရှိသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *