BREAKING NEWS

ဆောင်းကြက်သွန်စိုက် တောင်သူများ ဈေးကွက်ချိတ်ဆက် ဆောင်ရွက်မည်

နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်းကြက်သွန်နီစိုက်ပျိုးမည့် တောင်သူများမှာ ကြက်သွန်နီဈေးကောင်းရရှိရေးအတွက် ဈေးကွက်ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်သား၊ ကျောက်ဆည်၊ ဝမ်းတွင်း အစရှိသည့် မြို့များမှ ကြက်သွန်စိုက်တောင်သူများသည် ဆောင်းကြက်သွန်နီ စိုက်ပျိုးရန် ပျိုးထောင်ခြင်း၊ ထွန်ယက်ရာတွင် အပြန်အလှန် ကူညီပေးခြင်း၊ မျိုးစေ့ မျိုးသန့် ရရှိရေးအတွက် အခြားတိုင်းဒေသကြီးရှိ တောင်သူများနှင့် ချိတ်ဆက်ခြင်း၊ ထွက်ရှိလာပါက နယ်စုံရှိ ကြက်သွန်နီ ကုန်သည်များနှင့် ချိတ်ဆက်ရောင်းချခြင်းနှင့် အရည်အသွေးပိုင်း အားသားချက်၊ အားနည်းချက် များကို စစ်တမ်းကောက်ယူကာ စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြက်သွန်နီစိုက် တောင်သူကွန်ရက်များကို ကိုးကားပြီး AMIA က သတင်းဖော်ပြခဲ့သည်။
“ဈေးကွက်အပိုင်းမှာ ကိုယ်ရကိုယ်ရောင်း စနစ်နဲ့ လုပ်ကြတော့ ဈေးနှုန်း ရရှိနှုန်းက မညီဘူး။ တစ်ချို့တောင်သူက ဈေးကောင်းရချိန် တစ်ချို့မြို့နယ်တွေမှာ အရှုံးပေါ် နေတာမျိုးတွေကို မဖြစ်အောင် ကိုယ်ရရှိထားတဲ့ သတင်းအချက်အလက်၊ အဆက်အသွယ်တွေကို ဝေမျှပြီး တစ်ဦးနဲ့ တစ်ဦး ကူညီနိုင်ဖို့ပါ” ဟု မြစ်သားမြို့နယ်၊ ကြက်သွန်နီစိုက်တောင်သူကွန်ရက်ဝင် ကိုဝင်းမြင့်က AMIA သို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ် စိုက်ပျိုးမည့် ကြက်သွန်နီ အမျိုးအစားများမှာ မြေနဲမျိုး၊ ရွှေဖလားထိပ်မောက်နှင့် မြင်းခြံမျိုးများဖြစ်ကြောင်း သိရှိရသည်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *