BREAKING NEWS

ဒူဘိုင်းနှင့် စင်ကာပူမှ မြန်မာ့ဖရဲကို ဝယ်ယူရန် ကမ်းလှမ်း

နိုဝင်ဘာ ၁
လာမယ့် နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး တရုတ်ဝယ်လက်အပြင် ဒူဘိုင်းနဲ့ စင်ကာပူနိုင်ငံတို့ကပါ မြန်မာ့ဖရဲကို ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။
“အခု တရုတ်နိုင် ငံအပြင် ဒူဘိုင်းကိုလည်း အစေ့မဲ့ ဖရဲသီးပို့ဖို့ စီစဉ်နေတယ်။ အခုကတည်းက မှာနေတာပါ။ ကျွန်တော်ဘက်က တင်ပို့ဖို့ အသီး မရှိသေးလို့။ အစေ့မဲ့ ဖရဲပေါ်တာနဲ့ လုပ်ငန်းစတင်မယ်” လို့ ယင်းအသင်းဥက္ကဌ ဦးရဲဝင်းက AMIA သို့ ပြောဆိုထားပါတယ်။
ဒူဘိုင်းနိုင်ငံက ဖရဲဝယ်ယူဖို့ ကမ်းလှမ်းတာမှာ ခုချိန်က ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။ အစေ့မဲ့ဖရဲ (၂၅) တန်ကို ကနဦးတင်ပို့ရမှာ ဖြစ်ပြီး အရည်အသွေးနဲ့ လမ်းခရီးမှာ ပစ္စည်းပျက်စီးမှု ရှိ၊ မရှိတို့ကို တွက်ချက်ပြီး ကြိုက်နှစ်သက်ပါက တစ်နှစ်ပတ်လုံးတင်ပို့နိုင်မှာဖြစ်ကြောင်း ဦးရဲဝင်းက ဆိုပါတယ်။
Ref: AMIA / Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *