BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်ရေဝင်ရောက်၍ လယ်ယာမြေအချို့ပျက်စီး

အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း အောက်တိုဘာလအတွင်းမှာ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ကျော်လွန်မြင့်တက်ခဲ့တဲ့အတွက် မြို့နယ်အတွင်းစိုက်ပျိုးထားတဲ့ စပါး၊ ပဲနဲ့ နှမ်းစိုက်ခင်းများ ရေဝင်နစ်မြုပ်ခဲ့တဲ့အတွက် တောင်သူစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
“နှစ်စဉ်နှစ်တိုင်းကတော့ ဆောင်းသီးနှံကို အောက်တိုဘာလထဲမှာ စိုက်ပျိုးကြတာပါ။ ဒီနှစ်မှာတော့ မထင်မှတ်ပဲ မြစ်ရေလျှံလာတော့ တောင်သူတွေအနေနဲ့ အများကြီး နစ်နာကြတယ်လို့ သိရပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေကတော့ ပြန်လည် စိုက်ပျိုး မယ်ဆိုရင် မျိုးစေ့ကတော့ အခက်အခဲဖြစ်မှာပါ” လို့ တောင်သူ ဦးချစ်ဆွေက MOI သို့ ပြောဆိုပါတယ်။
ထိုကဲ့သို့ ရေနစ်မြုပ်ခဲ့ရခြင်းကြောင့် ဆောင်းသီးနှံကို အားပြုစိုက်ပျိုးသူ တောင်သူများ သီးနှံတွေဆုံးရှုံးရတဲ့အပြင် ထွန်ယက်စရိတ်၊ စိုက်ပျိုးစရိတ်နဲ့ အခြားသွင်းအား စုထည့်ဝင်စရိတ်များ ဆုံးရှုံးခဲ့ကြရပါတယ်။ ပြန်လည်စိုက်ပျိုးဖို့ရာမှာလည်း စိုက်ပျိုးရာသီ နောက်ကျခြင်း၊ မျိုးစေ့အခက်အခဲများ ရှိခြင်းတို့ကြောင့် အဆင်မပြေမှုများ ရှိနေကြာင်း သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *