BREAKING NEWS

ပဲဇီးကွက်နှင့် ပဲနီလုံးဈေးမြင့်သဖြင့် ပြည်ပဝယ်လိုအားမလိုက်

အောက်တိုဘာ ၂၈
တရုတ်နိုင်ငံသို့ အဓိကထားရောင်းချသော ပဲဇီးကွက်နှင့် ပဲနီလုံးများမှာ ဈေးနှုန်းမြင့်တက်နေသဖြင့် ပြည်ပဝယ်ယူမှု နည်းနေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
“အခုလောလောဆယ်က ပစ္စည်းနည်းသွားတာလေးတွေ ဖြစ်တော့ ပဲဇီးကွက်နဲ့ ပဲနီလုံးတို့ တစ်အိတ်ကို နှစ်သောင်းလောက်တက်သွားတယ်။ ကုန်စည်ဒိုင် မပိတ်ခင်က ၅၀,၀၀၀ ဝန်းကျင်ရှိရာက အခုဆို ရှစ်သောင်းလောက်ထိ ဖြစ်သွားတာပေါ့” ဟု ယင်းအသင်း ဒုတိယဥက္ကဌ ဦးချွန်က ပြောသည်။
တစ်အိတ်ကို ၇၃,၀၀၀ ဝန်းကျင်အထိ ဝယ်ယူမှု ရှိသေးသော်လည်း ရှစ်သောင်းကျော် ဖြစ်သွားသဖြင့် ဝယ်ယူမှု မရှိတော့ကြောင်း ၎င်းက ဆိုသည်။
ပဲဇီးကွက်ဈေးမှု ယခုလဆန်း အောက်တိုဘာ ၂ ရက်နေ့က ၅၈ ဒသမ ၂၅ ပိဿာလျှင် ၅၈,၀၀၀ ကျပ်မှ ၆၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး ပစ္စည်းလက်ကျန် နည်းပါးနေသောကြောင့် ၈၀,၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *