BREAKING NEWS

ဘဏ္ဍာနှစ်သစ်တွင် ပြည်ပသို့ နှမ်းတန်ချိန် ၁၃၀,၀၀၀ ကျော် တင်ပို့မည်

အောက်တိုဘာ ၂၇
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတန်ချိန် (၁၃၀,၀၀၀) ကျော် တင်ပို့သွားရန် လျာထားကြောင်း သိရသည်။ ထိုသို့တင်ပို့ရာတွင် နှမ်းတွင်ပါဝင်ရမည့် အစိုဓာတ်သတ်မှတ်ချက် လျော့နည်းရခြင်း၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ရခြင်းနှင့် ဂျီအေပီနှမ်းမှာ သာမာန်နှမ်းထက် ဈေးပိုမိုရရှိသည့်အတွက် ဂျီအေပီ အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးပမ်းဖို့ လိုအပ်မည်ဖြစ်သည်။
ယခင်ဘဏ္ဍာနှစ်များအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ နှမ်းတန်ချိန် ၁၅၀,၀၀၀ ကျော် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှမ်းတန်ချိန် ၁၀၀,၀၀၀ ကျော် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှ ဝယ်ယူအားကြောင့် နှမ်းဈေးအနည်းငယ် မြင့်တက်လာကြောင်းကိုလည်း နှမ်းကုန်သည်များထံမှ သိရသည်။
“မြန်မာငွေဈေးက မာနေတဲ့အပြင် သူတို့ဘက်ကလည်း ဝယ်လိုအား ရှိတာ ကြောင့် ဈေးလေးနည်းနည်း တက်တာပါ။ တကယ်တမ်း ငွေဈေးမာရင် ပစ္စည်းက ကျတတ်တဲ့ သဘာဝပါ။ နှမ်း ကတော့ နယ်စုံထွက်ပါတယ်။ အခုရက်ပိုင်း ထွက်တာကတော့ ရွှေဘို၊ ကျောက်ဆည်မှာ နှမ်း အသစ်လေးတွေ ထွက်နေပါတယ် ” ဟု မန္တလေး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က AMIA သို့ ပြောသည်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *