BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံ ဧက (၅၅,၀၀၀) စိုက်ပျိုးသွားမည်

အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံ ဧက (၅၅,၀၀၀) စိုက်ပျိုးသွားနိုင်ရေးအတွက် ပျိုးထောင်ခြင်း၊ မြေပြင်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယခုဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၀) ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ကြက်သွန်နီ (၄၂,၇၅၀) ဧကနှင့် ကြက်သွန်ဖြူ (၁၂,၂၅၀) ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးက ပြောသည်။
ယင်းသို့ စိုက်ပျိုးရာတွင် စစ်ကိုင်းခရိုင်အတွင်း ကြက်သွန်နီ (၅၈၀၇)ဧကနှင့်ကြက်သွန်ဖြူ (၁၉၅) ဧက အားလည်းကောင်း၊ ကသာခရိုင်အတွင်း ကြက်သွန်နီ (၂၅၉၂)ဧကနှင့် ကြက်သွန်ဖြူ (၁၄၃၄)ဧကအား လည်းကောင်း၊ ကလေးခရိုင်အတွင်း ကြက်သွန်နီ (၃၃၇၂) ဧကနှင့်ကြက်သွန်ဖြူ (၂၅၂၈)ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်း ကြက်သွန်နီ (၃၆၆)ဧကနှင့်ကြက်သွန်ဖြူ (၈၈) ဧကအားလည်းကောင်း၊ မုံရွာခရိုင်အတွင်း ကြက်သွန်နီ (၉၆၄၅)ဧကနှင့်ကြက်သွန်ဖြူ (၃၄၄)ဧက၊ ယင်းမာပင် ခရိုင်အတွင်း ကြက်သွန်နီ (၈၃၅၄)ဧကနှင့် ကြက်သွန်ဖြူ(၁၅၀၃)ဧက အားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း ကြက်သွန်နီ(၁၁၃၃၁)ဧကနှင့်ကြက်သွန်ဖြူ (၅၂၅၄)ဧကအားလည်းကောင်း၊ ကန့်ဘလူ ခရိုင်အတွင်း ကြက်သွန်နီ (၁၇၂)ဧကအားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း ကြက် သွန်နီ (၆၄၇)ဧကနှင့် ကြက်သွန်ဖြူ (၄၈၇)ဧကအားလည်းကောင်း၊ ခန္တီးခရိုင် အတွင်း ကြက်သွန်နီ (၂၉၀)ဧကနှင့်ကြက်သွန်ဖြူ (၁၅၅)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ကြက်သွန်နီ(၁၇၄)ဧကနှင့် ကြက်သွန်ဖြူ (၂၆၂) ဧကအား လည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *