BREAKING NEWS

တွန်ဂလာ ၆၉၂ ငရုတ်မျိုးများ စိုက်ပျိုးရန် ငဖဲမြို့နယ်တွင်း မျိုးစေ့ထုတ် ၂၄၀ ကျော် ပျိုးထောင်ထားရှိ

အောက်တိုဘာ ၂၅
စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လေ့ရှိတဲ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပင်ဦးကျေးရွာရှိ လယ်မြေတွေမှာ မြေအောက်ရေအသုံးပြုပြီး ငရုတ်သီးနှံ စိုက်ပျိုးလေ့ရှိတဲ့အတွက် ယခုနှစ်စိုက်ပျိုးရန် ငရုတ်မျိုးစေ့များ ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ မြေဧက ၃၀ မှာ စိုက်ပျိုးရန်အတွက် တွန်ဂလာ ၆၉၂ ငရုတ်သီးမျိုးစေ့ အထုပေါင်း ၂၄၀ ကျော်ကို မြေဆွေး၊ သဲနုံး၊ မြေဩဇာများထည့်ကာ ပျိုးဗန်းအတွင်း ပျိုးထောင်ထားရှိထားကြောင်း ပင်ဦးကျေးရွာမှာ ငရုတ်စိုက်တောင်သူ ဦးလှဦးက MOI သို့ ပြောသည်။
“ပျိုးဗန်းနဲ့ စနစ်တကျထည့်ပျိုးတော့ အထွက်နှုန်းကောင်းတယ်။ မျိုးစေ့ထုတ် ၈ ထုပ်ပျိုးရင် မြေတစ်ဧကစာ အပင် ၇,၀၀၀ ခန့်ရတယ်။ မှိုဆေး၊ အားဆေးတွေနဲ့ စနစ်တကျ သန့်စင်ဖို့လိုသလို အမိုးအကာလည်း လိုတယ်။ စနစ်တကျစိုက်မှ ပိဿာချိန်များ ထွက်ရှိတယ်” ဟု ဦးလှဦးက ပြောသည်။
တွန်ဂလာ ၆၉၂ မျိုးမှာ အပင်သက်တမ်း ၁ နှစ်ရှိပြီး နည်းစနစ်တကျ စိုက်ပျိုးပါက ၁ ဧကကို ပိဿာချိန် ၃,၅၀၀ မှ ၅,၆၀၀ အထိ ထွက်ရှိကြောင်း သိရှိရသည်။
Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *