BREAKING NEWS

၁၉ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲ အွန်လိုင်းမှသာ ပြုလုပ်မည်

အောက်တိုဘာ ၂၄
ယခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်မည့် ၁၉ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲကို လတ်တလောဖြစ်ပွားနေသော ကပ်ရောဂါကြောင့် အွန်းလိုင်းပြပွဲတစ်ခုအဖြစ်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲများကို မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ တယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတို့က ဦးဆောင်ကာ မြန်မာနိုင်ငံ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တို့တွင် နှစ်စဉ်အလှည့်ကျ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မူဆယ်မြို့တွင် လက်ခံကျင်းပရမည်ဖြစ်သော်လည်း လတ်တလောအခြေအနေများကြောင့် အွန်လိုင်းမှသာ စီစဉ်ခြင်းဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးမျိုးသူက AMIA သို့ ပြောသည်။
“ကိုယ်တိုင်သွားလုပ်တာက ကုန်ကျမှုပိုများ တယ်။ အွန်လိုင်းကတော့ ကုန်ကျမှုနည်းတာပေါ့။ အချိန်မရွေးလည်း ပြောလို့ရတယ်။ တစ်ချို့ကြီးမားတဲ့ ပစ္စည်း တွေပေါ့ သယ်လို့မရတဲ့ ပစ္စည်းတွေကို ထုတ်ပြလို့ ပိုလွယ်တာပေါ့။ အဲဒီလို အားသာချက်တွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပြပွဲကာလအတွင်း ၁၅ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ ဆွေးနွေးပွဲကို ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ပြီး စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ဖုန်း ၀၁-၃၇၇၁၀၁၊ ၀၁-၃၈၅၃၂၃ နှင့် Myanmar Online Expo Park ဖုန်း ၀၉-၅၀၂၃၁၈၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။
Ref: AMIA

ပုံစာ – နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲကျင်းပရေးသဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား(Virtual Signing Ceremony)





Leave a Reply

Your email address will not be published. Required fields are marked *