BREAKING NEWS

ပခုက္ကူဈေးကွက်အတွင်း ရာသီစာသဘာဝမှိုများ ရောင်းချဝယ်ယူ

အောက်တိုဘာ ၂၃
ပခုက္ကူမြို့နယ် ပခုက္ကူမြို့မဈေးသို့ ပတ်ဝန်းကျင်ဒေသများဖြစ်သော ပေါက်မြို့နယ် တက်မတောင်ပတ်ဝန်းကျင်ကျေးရွာများအနီး တောတောင်များမှထွက်ရှိသည့် သဘာဝမှိုများဖြစ်သော မှိုအုန်းနက်၊ မှိုဖြူများ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
မှိုရရှိမှုနဲ့ လာရောက်ရောင်းချမှုပေါ်မူတည်ပြီး မှိုတစ်ပိဿာလျှင် ၁၆,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်ဈေးအထိ ဈေးနှုန်းအတက်အကျရှိကြောင်း ပေါက်မြို့နယ် နတ်ဥယျာဉ်ကျေးရွာမှ လာရောက်ရောင်းချသူ ဒေါ်အေးမိက MOI သို့ပြောဆိုသည်။
ယခုနှစ်တွင် မိုးနှောင်းမိုးရွာသွန်းမှု နည်းပါးသောကြောင့် မှိုအထွက်နောက်ကျသဖြင့် ရှာဖွေရခက်ခဲနေပြီး မှိုလာရောက်ရောင်းချမှု ရှားပါးသလို ယခင်နှစ်များထက် ဈေးနှုန်းကြီးမြင့်နေကြောင်း မှိုရောင်းချသူများက ပြောသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *