BREAKING NEWS

ခရမ်းချဉ်ဈေး ထက်ဝက်ကျော် ကျဆင်း

အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များအတွင်း ခရမ်းချဉ်သီး သီးနှံစိုက်ပျိုးရောင်းချလျက် ရှိနေရာ အထွက်နှုန်းများနေသော်လည်း ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းနေကြောင်းသိရသည်။
ယခင်လက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁,၃၀၀ ကျပ်မှ ၁,၆၀၀ ကျပ်အတွင်း ရောင်းချရရှိခဲ့ရာမှ ယခုအခါ တစ်ပိဿာ ၃၀၀ ကျပ်သာ ဈေးရှိတော့ကြောင်း ပင်လောင်းမြို့မှ ခရမ်းချဉ်သီးစိုက်တောင်သူ ကိုအောင်ဆန်းက MOI သို့ပြောသည်။
“ကိုဗစ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားတာရယ် စားသုံးသူတွေဝယ်ယူမှုနည်းသွားတဲ့ အတွက်ဈေးကျသွားတယ်၊ ခရမ်းချဉ်သီးက အခုဈေးကျပေမယ့် ပြီးခဲ့တဲ့လပိုင်းက ဈေးတက်ထားတာ ရှိတော့ ပြီးခဲ့တဲ့လတုန်းက စိုက်ပျိုးခဲ့တဲ့သူတွေကျတော့ အဆင်ပြေတယ်ဆိုပေမယ့် ဒီလမှာထွက်တဲ့ တောင်သူတွေ ကျတော့ အခက်ခဲတွေဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
ခရမ်းချဉ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ညောင်ရွှေ စသော ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး မန္တလေးသို့ တင်ပို့ရောင်းချမှု များပြားသလို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။





Leave a Reply

Your email address will not be published. Required fields are marked *