BREAKING NEWS

ပိုင်ကျုံဝဥ အထွက်နည်းသလို ဈေးလည်းကျဆင်းနေ

အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာတွင် ဝဥကို စီးပွားဖြစ်စိုက်ပျိုးလျှက်ရှိနေရာမှာ ယခုနှစ် အထွက်နည်းသည့်အပြင် ဈေးနှုန်းလည်း ကျဆင်းနေကြောင်း ဝဥကုန်သည်များထံမှ သိရသည်။
ဝဥကုန်သည်များအနေဖြင့် ဒေါနတောင်ခြေရှိ ကျေးရွာများမှ ဝဥအစို တစ်ပိဿာ (၁,၅၀၀) ကျပ်ဖြင့် ဝယ်ယူပြီး ဝဥအခြောက်ကို တစ်ပိဿာ (၁၁,၈၀၀) ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချရရှိနေသော်လည်း COVID-19 ကာလဖြစ်သောကြောင့် အရောင်းအဝယ် လုပ်ငန်းများ ကြန့်ကြာနေခြင်း၊ ဝဥအထွက်နည်းသဖြင့် ဝယ်ယူရနည်းနေခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းများ ဖြစ်နေကြောင်း ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာရှိ ပွဲရုံပိုင်ရှင် ဒေါ်ပျိုက MOI သို့ပြောဆိုသည်။
ယမန်နှစ် ဝဥဝယ်ယူရာမှာ ပိဿာချိန် (၇၀,၀၀၀) ကျော် ဝယ်ယူရရှိပေမယ့် ယခုနှစ်မှာ ပိဿာချိန် (၅၀,၀၀၀) ခန့်သာ ဝယ်ယူရရှိကြောင်း ၎င်းက ဆိုသည်။
ဝဥများကို ပိုင်ကျုံမြို့ရှိ ပွဲရုံများမှတစ်ဆင့် ဘားအံ၊ မော်လမြိုင်၊ မန္တလေး၊ မူဆည်၊ ရွှေလီမြို့ရှိ ပွဲရုံများသို့ တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိသည်။ ယခုလက်ရှိကာလအတွင်း ကူးစက်မြန်ကပ်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပွဲရုံများသို့ တင်ပို့ခြင်းကို ခေတ္တရပ်နားထားကြောင်း ဒေါ်ပျိုက ပြောသည်။
Ref: MOI / Photo: MOI





Leave a Reply

Your email address will not be published. Required fields are marked *