BREAKING NEWS

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘဏ္ဍာနှစ်သစ်၌ ဆောင်းသီးနှံဧက (၄၃) သိန်းကျော် စိုက်ပျိုးရန်လျာထား

အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးဧက (၄,၃၇၂,၃၀၂) ဧက အထိ စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးမှုကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ် (၃) ခုတွင် သီးနှံစုံ( ၅၂၇, ၁၇၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄) ခုတွင် သီးနှံစုံ (၅၂၂, ၈၁၈)ဧက စိုက်ပျိုးမည်ဖြစ်ကာ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ် (၄) ခုတွင် သီးနှံစုံ (၅၂၂, ၃၉၄) ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။
ဆက်လက်ပြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၆) ခုတွင် သီးနှံစုံ (၁,၂၂၈,၄၁၆) ဧက၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ် (၂) ခုတွင် သီးနှံစုံ (၄၄၉,၈၄၉) ဧကအား၊ ကသာခရိုင်အတွင်းရှိမြို့နယ် (၇) ခုတွင် သီးနှံစုံ (၅၉၄,၇၉၉) ဧက၊ ကလေးခရိုင် အတွင်းရှိမြို့နယ် (၃) ခုတွင် သီးနှံစုံ (၃၂၈,၁၉၆) ဧကနှင့် မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ် (၂) ခုတွင် သီးနှံစုံ (၈၇, ၂၇၁)ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။
ထို့ပြင် တမူးခရိုင်အတွင်းရှိ မြို့နယ်တစ်ခုနှင့် မြို့နယ်ခွဲ(၂)ခုတွင် သီးနှံစုံ (၄၀,၀၀၇) ဧက၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ် (၂) ခုတွင် သီးနှံစုံ (၆၃,၁၁၄) ဧကနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် (၃) ခုနှင့် မြို့ (၄) ခုတွင် သီးနှံစုံ (၈,၂၆၈) ဧကတို့ကို စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *