အောက်တိုဘာ ၁၅
တရုတ်နှင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှု လျော့နည်းနေသည့်အတွက် ပြည်တွင်းပြောင်းဈေး အနည်းငယ်ကျဆင်းနေကြာင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
ယမန်နှစ် ကာလတူအချိန်က ပြောင်းဈေးမှာ ၂၅,၀၀၀ မှ ၂၇,၀၀၀ အတွင်းရှိနေပြီး ယခုနှစ်တွင် ၂၃,၀၀၀ ဝန်းကျင်သာ ရှိကြောင်း မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
“ယိုးဒယားဘက်က ၈ လပိုင်းမှာ သူတို့ဆီမှာလည်း ထွက်တဲ့ရာသီဆိုတော့ သူတို့ဘက်က အဝယ်ပိတ်ထားတာရယ် တရုတ်ကလည်း အဝယ်နည်းနေသေးလို့ပါ” ဟု ၎င်းက ဆိုသည်။
ပြောင်းသီးနှံများကို ရှမ်းပြည်နယ်၊ ပခုက္ကူ၊ ရေစကြို၊ မြင်းခြံ၊ မြောင်၊ မြင်းမူဒေသများနှင့် ဧရာဝတီချင်းတွင်းမြစ် ကမ်းများအနီး စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ ယခုဈေးနှုန်းမှာ အရှုံးပေါ်သည့် ဈေးနှုန်းမဟုတ်သော်လည်း တောင်သူများအတွက် အကျိုးအမြတ်နည်းစေမည် ဖြစ်သည်။
Ref: MOI
မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး UNESCO အဖွဲ့မှ လက်ခံဆွေးနွေးမည်ကုန်တင်ယာဉ်များ COVID-19 စစ်ဆေးခ တစ်သောင်းကျပ်သို့ လျော့ချသတ်မှတ်