အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မိုးဦးနှမ်းလျင်များ စိုက်ပျိုးထားရရှိရာ ယခုနှစ်မိုးစောစီးစွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးရေအပြည့်ရရှိပြီး အထွက်နှုန်းကောင်းမွန်သော်လည်း ဈေးနှုန်းများစွာ ကျဆင်းနေကြာင်း သိရသည်။
ယခင်နှစ်များက နှမ်းဆီ (၁၀) ပိဿာဝင်တစ်ပုံးလျှင် ၈၅,၀၀၀ ကျပ်အထိ ရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပုံးလျှင် ၅၀,၀၀၀ ကျပ်သာ ရရှိနေကြာင်းနှင့် နှမ်းတစ်အိတ်လျှင် ၄၅,၀၀၀ ကျပ်နှုန်းဖြင့်သာ အရောင်းအဝယ် ရှိနေကြောင်း မောက်မယ်မြို့နယ်အတွင်းရှိ ပွဲရုံပိုင်ရှင် ဦးစိုင်းမောင်က MOI သို့ပြောဆိုသည်။
မောက်မယ်မြို့နယ်အတွင်း မိုးကြိုရသွင်းနှမ်း၊ မိုးဦးနှမ်းလျင်နှင့် မိုးနှောင်းနှမ်းကြီးများကို စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်အတွက် ဈေးနှုန်းကျဆင်းသော်လည်း အထွက်နှုန်းကောင်းမွန်တဲ့အတွက် တောင်သူမှာ များစွာအရှုံးမရှိကြောင်း သိရသည်။
Ref: MOI
ပုပ္ပါးထွက်ဩဇာသီးများ ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်သာ အားထားရောင်းချနေရပဲတီစိမ်းနှင့် ပဲပုပ်သီးနှံများကို စက်ဖြင့်စိုက်ပျိုးခြင်း သုတေသနပြုလုပ်