BREAKING NEWS

ကုန်တင်ယာဉ်များ COVID-19 စစ်ဆေးခ တစ်သောင်းကျပ်သို့ လျော့ချသတ်မှတ်

အောက်တိုဘာ ၁၂
ကုန်စည်စီးဆင်းမှု ချောမွေ့မြန်ဆန်စေရန်အတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအတွက် COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးခကို ၁၀,၀၀၀ ကျပ်သို့ လျော့ချ သတ်မှတ်လိုက်ကြောင်း သိရသည်။
ပြည်တွင်းကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်ရန်အတွက် ကုန်တင်ယာဉ်များတွင် မောင်းနှင်လိုက်ပါသူများကို Rapid Antigen Test Kit ဖြင့် စစ်ဆေးပေးနေခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ဆေးရာတွင် စစ်ဆေးခကို မူလက ၂၀,၀၀၀ ကျပ် သတ်မှတ်ထားရမှာ ယခုအခါ ၁၀,၀၀၀ ကျပ်သို့ လျော့ချသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း UMFCCI က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Ref: UMFCCI / photo: commerce





Leave a Reply

Your email address will not be published. Required fields are marked *